The network connection is lost.

Banner Image

အာဆင်နယ်ရဲ့တိုက်စစ်မှူးခေါ်ယူရေးအစီအစဉ်ကို ပယ်ချလိုက်တဲ့ ကာရေဂါ

လီဗာပူးအသင်းဂန္ထဝင်ဟောင်း ကာရေဂါက လာမယ့်နွေရာသီ အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူးသစ်ဦးစားပေးခေါ်ယူမယ့် စိတ်ကူးကို ငြင်းဆန်လိုက်ပါတယ်။ အာဆင်နယ်ဟာ အခုရာသီအကုန်မှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပြီး အီဆက်ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ အီဆက်က  အာဆင်နယ်အတွက် ဈေးကြီးနိုင်သလို နယူးကာဆယ်ကလည်း ကြီးမားတဲ့ငွေကြေးမရရင် ရောင်းချဖို့ မရှိတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီတုန်းက ဝက်တ်ကင်းကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး လာမယ့်နွေမှာ အီဆက် ဒါမှမဟုတ် ဆက်စ်ကိုတို့ထဲကတစ်ဦးဦးကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ ဒီရာသီမှာလည်း အာဆင်နယ်ရဲ့တိုက်စစ်မှူးပြဿနာက ထင်ရှားနေပြီး ကွင်းလယ်လူ မာရီနိုကို တိုက်စစ်မှူးအဖြစ် တင်ကစားနေရတာဖြစ်ပါတယ်။

ဒါပေမယ့် ကာရေဂါက အာဆင်နယ်အနေနဲ့ နွေရာသီမှာ တိုက်စစ်မှူးထက် ကွင်းလယ်ဖန်တီးရှင်ကို ခေါ်ယူရမယ်လို့ ပြောကြားခဲ့ပါတယ်။ “ကိုင်ဟာဗက်ဇ်က ကမ္ဘာ့အဆင့်တိုက်စစ်လား?။ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူအသင်းအတွက် အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက နေရာစုံမှာကစားနိုင်ပါတယ်။ ဂိုးသွင်းတာတင်မဟုတ်ပါဘူး။ အဲ့နေရာမှာ သူတို့တိုးတက်လာအောင် လုပ်ရပါမယ်။ ဒါပေမယ့် အဲ့တာက မလွယ်ပါဘူး။ အခြားပရီးမီးယားလိဂ်အသင်းတွေမှာလည်း တိုက်စစ်မှူးတွေရှိပါတယ်။

လီဗာပူးမှာဆိုရင် ဒါဝင်နူနက်ဇ် ၊ ယူနိုက်တက်မှာဆိုရင် ဟွိုက်လန်းရှိပါတယ်။ သူတို့လည်း မလုံလောက်ပါဘူး။ အာတီတာအနေနဲ့ ဟာဗက်ဖ်ကို နောက်တစ်ဆင့်ခေါ်သွားပေးနိုင်ဖို့ လိုအပ်ပါတယ်။ အာဆင်နယ်မှာ ကြီးမားတဲ့ပြဿနာရှိနေပါတယ်။ အဲ့တာက တိုက်စစ်မှူးမဟုတ်ပဲ ကွင်းလယ်ဖန်တီးရှင်ပါ။ ဒီရာသီ အာဆင်နယ်အသင်း ဒုတိယနေရာမှာ သက်တောင့်သက်သာ ရာသီသိမ်းနိုင်မလားဆိုတာ ကျွန်တော် သေချာမသိသေးပါဘူး။ ဖြစ်နိုင်ချေရှိသလို ဖြစ်နိုင်ချေမရှိတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ 

ရာသီအကုန်မတိုင်ခင်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တစ်ခုခုမြင်ရနိုင်ပါတယ်။အာဆင်နယ်ရဲ့ချန်ပီယံဆုအိပ်မက်က ပြီးသွားခဲ့ပါပြီ။ သူတို့ အန်ဖီးလ်မှာ လီဗာပူးကိုအနိုင်ယူကောင်း ယူနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့ သရေကျလိုက်တာက ချန်ပီယံဆုအိပ်မက်ပြီးဆုံးသွားခဲ့ပါပြီ။ အခုတော့ အာဆင်နယ်အနေနဲ့ ရာသီကုန်မတိုင်ခင် အမှတ်တွေပိုယူနိုင်ဖို့ပဲ အာရုံစိုက်ရတော့မှာပါ”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။