The network connection is lost.

Banner Image

အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်လာချိန် အာမိုရမ်ကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ယော်ကရက်စ်

စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာယော်ကရက်စ်က အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ နီးစပ်လာချိန် နည်းပြဟောင်း ရူဘင်အာမိုရင်ကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။
ယော်ကရက်စ်ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဂန်းနားတွေက စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိဖို့ လုပ်ဆောင်နေပါတယ်။ 
ဂျူဗင်တပ်စ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့အပါအဝင် အသင်းအတော်များများက ယော်ကရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။ 
ယူနိုက်တက်အသင်းကတော့ နည်းပြ ရူဘင်အာမိုရမ်နဲ့ ဆက်ဆံရေးရှိခဲ့တာကြောင့် ယော်ကရက်စ် လာကစားမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ 
ဒါပေမဲ့ ဆွီဒင်တိုက်စစ်မှူးကတော့ အာဆင်နယ်ကို ပြောင်းဖို့သာ ရွေးချယ်ခဲ့ပါတယ်။
ယော်ကရက်စ်က "ကျွန်တော်ဒီကိုရောက်လာကတည်းက ပထမနေ့ကစပြီး အရာအားလုံးက အဆင်ပြေခဲ့ပါတယ်၊ အသင်းနဲ့အတူ အများကြီးတိုးတက်လာခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းတစ်သင်းလုံးအနေနဲ့ အမှတ်တရတွေအများကြီးရှိခဲ့ပါတယ်။ နှစ်ကြိမ်ဆက်တိုက် ချန်ပီယံဆုရရှိခဲ့တာက အံ့သြစရာအောင်မြင်မှုတစ်ခုပါ" လို့ ပြောပါတယ်။
ဆက်လက်ပြီး ယော်ကရက်စ်က ပေါ်တူဂီမှာ အခြေချနေထိုင်နိုင်အောင် ကူညီပေးခဲ့တာကြောင့် အာမိုရမ်ကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ 
"သေချာတာပေါ့၊ အာမိုရမ်က အများကြီးကူညီခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကို ဒီမှာရှိစေချင်ခဲ့တာဖြစ်ပြီး သူရဲ့ကစားပုံက ကျွန်တော့်အတွက် အရမ်းကိုအဆင်ပြေခဲ့ပါတယ်" လို့ ဂိုင်ယိုကားစ်ကပြောပါတယ်။ "သူ့ကို ကျေးဇူးတင်စကား ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး"လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရာသီက ယော်ကရက်စ်ဟာ ဂိုး ၄၃ ဂိုးသွင်းယူခဲ့ပြီး စပို့တင်းအသင်းကို လိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။