
အနီကဒ်၊ နည်းပြအကြောက်လွန်မှုတို့ကြောင့် အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးသွားတဲ့ ချဲလ်ဆီး
ချဲလ်ဆီး ၁ - ၃ ဘရိုက်တန် (ပွဲပြီးရလဒ်)
ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ချာလိုဘတ် အထုတ်ခံရပြီးနောက် နည်းပြရဲ့ နည်းစနစ်ပိုင်းအမှားတွေကြောင့် ဘရိုက်တန်ကို ဂိုးပြတ်ရှုံးသွားခဲ့ပ့ါတယ်။
တစ်ဖက်တစ်ဂိုးစီသရေဖြစ်နေချိန် နည်းပြ မာရက်စ်ကာက ပွဲကို ထိန်းချုပ်ကစားမယ့်အစား ခံစစ်နဲ့ ကွင်းလယ်ခံစစ်ကစားသမားတွေထည့်ပြီး ခံစစ်ပိတ်ကန်ခဲ့တာကြောင့် ဘရိုက်တန်က စိတ်ကြိုက်ဘောလုံးကိုင်ပြီး ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖန်တီးသွားနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ နှစ်ပွဲဆက် အနီထိခဲ့သလို နည်းပြရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် ဂိုးပြတ်ရှုံးခဲ့တယ်လို့ ပြောရတော့မှာ ဖြစ်ပါတယ်။