
ဂျက်ဆင်၊ ပယ်လ်မာတို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီး
အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီရဲ့ ပိုင်ဆိုင်မှုနဲ့အတူ ထိပ်တန်းကစားသမားတွေကို ခေါ်ယူကာ အကောင်းဆုံးစုဖွဲ့တည်ဆောက်နေပေမဲ့ ရလဒ်ပိုင်း အားနည်းနေတဲ့ ချဲလ်ဆီးအသင်းက ကာရာဘောင်ဖလားပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂျက်ဆင်၊ ကိုးလ်ပယ်လ်မာတို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ၁ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။
နည်းပြ ပိုချက်တီနိုအနေဖြင့် ပရီးမီးယားလိဂ်မှာ ဖိအားဝင်နေချိန် နိုင်ပွဲလိုအပ်နေတာကြောင့် ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရရေးအတွက် အားစိုက်လာခဲ့ပြီး တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ဂျက်ဆင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်း ကာရာဘောင်ဖလားပြိုင်ပွဲရဲ့ နောက်တစ်ဆင့် တက်ရောက်ခွင့်ကို ဆုပ်ကိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်အတွင်းမှာ ချဲလ်ဆီးအသင်းရဲ့ ရာသီကြို အပြောင်းအရွှေ့ကာလအတွင်းမှာ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂျက်ဆင်နဲ့ ပယ်လ်မာတို့က အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ပယ်လ်မာက ချဲလ်ဆီးအသင်းနဲ့အတူ ၄ ပွဲမြောက်ကစားချိန်တွင် သွင်းဂိုးစတင်ရရန် ကြိုပမ်းခဲ့သလို ဂျက်ဆင်အနေဖြင့်လည်း ပွဲစဉ်အတွင်းမှာ သွင်းဂိုး ၂ ဦးအထိ ရရန် နီးစပ်ခဲ့ပေမဲ့ ၁ကြိမ်မှာ လူကျွံဘောသတ်မှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအတွက် ဂျက်ဆင်နဲ့ ပယ်လ်မာတို့ ခြေစွမ်းပြခဲ့ကြသလို အခြားပွဲထွက်ကစားသမားတွေဖြစ်တဲ့ ကူကူရယ်လာ၊ အီယန်မက်ဆန်တို့လည်း ခြေစွမ်းပြခဲ့ကြပြီး စံနှုန်းသတ်မှတ်ချက် ၇/၁၀ ဖြင့် နှစ်ဖက်အသင်း ကစားသမားတွေအကြား ထိပ်ဆုံးမှာ ရပ်တည်ခဲ့ကြတာပဲ ဖြစ်ပါတယ်။