The network connection is lost.

Banner Image

ဖာဂူဆန်နဲ့နှိုင်းယှဉ်ဖို့ လောလောဆယ်မှာတော့ မဖြစ်နိုင်သေးဘူးလို့ဆိုလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူ့ကို ကလပ်ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်နဲ့ နှိုင်းယှဉ်ဖို့က လောလောဆယ်မှာတော့ မဖြစ်နိုင်သေးဘူးလို့ ပြောကြားလာခဲ့ပြီး အသင်းဟာ ဖိအားတွေအောက်မှာ ရောက်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၈၆ ခုနှစ်မှာ ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့တဲ့ ဖာဂူဆန်ဟာ ၁၉၉၀ ခုနှစ်အထိ ဆုဖလားအောင်မြင်မှု ရရှိခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ယူနိုက်တက်ရဲ့ပရိသတ်အချို့က အာမိုရင်ကလည်း ဖာဂူဆန်လိုဖြစ်လာနိုင်ကြောင်းနဲ့ ကာလရှည်ကြာလာတာနဲ့အမျှ အသင်းအတွက် အောင်မြင်မှုတွေ ဆွတ်ခူးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတာဖြစ်ပါတယ်။ 

သို့သော်လည်း အာမိုရင် ဖာဂူဆန်ကြုံတွေ့ခဲ့ရတဲ့ ဖိအားနဲ့ သူလက်ရှိကြုံတွေ့နေရတဲ့ ဖိအားက ကွဲပြားခြားနားကြောင်းနဲ့ သူ့ကို ဖာဂူဆန်နဲ့နှိုင်းယှဉ်ဖို့ မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁၀ နေရာက ဘုန်းမောက်နဲ့ ရမှတ် ၇ မှတ်အထိ ကွာဟနေပါတယ်။ ယူနိုက်တက်ဟာ ကလပ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးရာသီနဲ့ မကြုံတွေ့ရဖို့ ရမှတ် ၂၂ မှတ်အထိ ဆက်လက်လိုအပ်နေဆဲဖြစ်ပါတယ်။ 

အာမိုရင်က “လောလောဆယ်မှာ အသင်းကိုတိုးတက်အောင်ပြုလုပ်ဖို့ပဲ ကျွန်တော်တို့ အာရုံစိုက်ရပါမယ်။ ပရီးမီးယားလိဂ်က အရမ်းခက်ပါတယ်။ ကျွန်တော့်ကို ဆာအဲလက်စ်ဖာဂူဆန်နဲ့ နှိုင်းယှဉ်နေတာတွေ ရှိပါတယ်။လောလောဆယ်မှာတော့ အဲဒါက မဖြစ်နိုင်ပါဘူး။ အသင်းမှာရှိနေတဲ့ ဖိအားက အဲဒီခေတ်က ဖိအားနဲ့ မတူညီပါဘူး။ ဒါပေမယ့် ဘယ်လောက်ပဲဖိအားတွေ များများ ကျွန်တော်တို့မှာ ကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။ 

အာမိုရင်အနေနဲ့ ယူနိုက်တက်နည်းပြဘဝ ပွဲဦးထွက်မှာ ဆုဖလားတွေဆွတ်ခူးနိုင်ဖို့အတွက် အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းထားတဲ့လိုင်ယွန်ဟာ လာမယ့်တနင်္ဂနွေနေ့မှာတော့ မန်စီးတီးနဲ့ ယှဉ်ပြိုင်သွားရပါမယ်။