The network connection is lost.

Banner Image

မန်ချက်စတာမှာပျော်နေတယ်လို့ အခိုင်အမာပြောကြားလာတဲ့ ယူနိုက်တက်စတား

အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီး ယူနိုက်တက်စတား ကက်စ်မဲရိုးက သူ့အနေနဲ့ မန်ချက်စတာမှာ အရမ်းပျော်နေတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ဘရာဇီးသားဟာ ယူနိုက်တက်မှာ ရုန်းကန်နေရပေမယ့် အာဆင်နယ်နဲ့ပွဲဦးထွက်ပွဲမှာ ပါဝင်ခဲ့ပြီးနောက် အသင်းအတွက် အပြည့်အဝအာရုံစိုက်ထားတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ရီးရဲလ်စတားဟောင်းဟာ အခုနွေရာသီအစောပိုင်းတုန်းက ဆော်ဒီမြေကိုပြောင်းမယ်လို့ ချိတ်ဆက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ကစားသမားကိုယ်တိုင်က သူ့အနာဂတ်နဲ့ပတ်သက်ပြီး အခိုင်အမာပြောကြားလိုက်ပါတယ်။ အာမိုရင်ရောက်လာပြီးကတည်းက ကက်စ်မဲရိုးဟာ ကွင်းလယ်မှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်နဲ့အတူ အဓိကကစားသမားဖြစ်လာခဲ့ပါတယ်။

နောက်ကွယ်မှာလည်း ယူနိုက်တက်တာဝန်ရှိသူတွေက လစာလျော့ချိဖို့ ပြင်ဆင်နေပြီး ကက်စ်မဲရိုးကို ရှင်းထုတ်နိုင်ချေရှိနေပါတယ်။ ဆာဂျင်မီတို့က ရောင်းထုတ်နိုင်ပေမယ့်လည်း ကက်စ်မဲရိုးက “ကျွန်တော် ယူနိုက်တက်မှာ အရမ်းပျော်နေပါတယ်။ ကျွန်တော့်မိသားစုကလည်း ဒီမှာပျော်နေပါတယ်။ ကာရင်တန်မှာကော အိုးထရက်ဖို့ဒ်မှာပါ ကျွန်တော်အဆင်ပြေနေပါတယ်။ အပြင်ဘက်က လူတွေပြောနေကြတာပါ။ အဲ့တာက အဆင်ပြေပါတယ်။ ကျွန်တော် စိတ်မဝင်စားသလို အသင်းနဲ့အတူ အောင်မြင်မှုရယူနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်”လို့ ကက်စ်မဲရိုးက ဖြေကြားခဲ့ပါတယ်။

အာဆင်နယ်ကို အဖွင့်ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့်လည်း ကက်စ်မဲရိုးက ပေါ်တူဂီသားနည်းပြလက်အောက်မှာ လမ်းမှန်ပေါ်ရောက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ “ယူနိုက်တက်က အမြဲတမ်းနိုင်ပွဲတွေအကြောင်းပဲတွေးနေတာပါ။ ကျွန်တော် အရေးနိမ့်ရတာက အိုကေတယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အနိုင်ယူမှာပါ။ ယူနိုက်တက်က အမြဲတမ်းနိုင်ပွဲအကြောင်းတွေးနေတာပါ။ ကျွန်တော်တို့ အခိုက်အတန့်ကောင်းတွေပြသနိုင်ခဲ့သလို ဒီနေ့မှာလည်း အများကြီးကောင်းအောင်ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ နိုင်ပွဲရယူရမှာဖြစ်သလို မှန်ကန်တဲ့လမ်းကြောင်းပေါ်မျာလည်း ရှိနေပါတယ်။ အချိတ်အဆက်ကောင်းတွေလည်း ရှိပါတယ်။ အဲ့တာက ကျွန်တော်တို့ပြောနေတဲ့ မှန်ကန်တဲ့လမ်းကြောင်းပါ။ အဲ့တာက ရှုပ်ထွေးပါတယ်။ လူတိုင်းမှာ သူ့အမြင်နဲ့သူရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ ဖိုင်နယ်တွေရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ယူရိုပါလိဂ်ဖိုင်နယ်ရောက်ခဲ့ပါတယ်။

အနိုင်ရဖို့တစ်ခုပဲ လိုအပ်တာပါ။ အသင်းအနည်းငယ်လောက်ပဲ ဒီဖလားကိုရယူထားနိုင်ခဲ့တာပါ။ ကျွန်တော်တို့ ဆုဖလားရယူနိုင်ဖို့ တွေးရမှာဖြစ်ပြီး ဆက်လက်တိုးတက်အောင်လည်း လုပ်ရပါမယ်”လို့ ကက်စ်မဲရိုးက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ကိုအရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဒုတိယမြောက်ပွဲအဖြစ် ဖူလ်ဟမ်နဲ့အဝေးကွင်းပွဲကန်ရမှာဖြစ်ပြီး ကက်စ်မဲရိုးက ပထမဆုံးနိုင်ပွဲရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။