The network connection is lost.

Banner Image

လစာလက်လျှော့ဖို့ တွန်းအားပေးခံခဲ့ရကြောင်း မိုရာတာ ပြောကြား

ကိုမိုအသင်းတိုက်စစ်မှူးသစ် မိုရာတာက သူ့အနေနဲ့ လစာလက်လျှော့ဖို့ တွန်းအားပေးခံခဲ့ရကြောင်း ပြောကြားလိုက်ပါတယ်။ ဂါလာတာစာရေးနဲ့ တရားဝင်စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် မိုရာတာက အသင်းဟောင်းကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ တူရကီကလပ်ဟာ သူ့ကိုအခုနွေရာသီမှာ လက်လွှတ်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး အဆုံးသတ်မှာမှ အေစီမီလန် နဲ့ ကိုမိုတို့က စာချုပ်ဖျက်သိမ်းကြေးပေးချေမှသာ လက်လွှတ်ခဲ့တာဖြစ်ပါတယ်။

မိုရာတာဟာ ဖေဖော်ဝါရီတုန်းက ဂါလာတာစာရေးအသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းက လာမယ့်ဇန်နဝါရီမှကုန်ဆုံးမှာဖြစ်ကာ ယူရို ၈ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါရှိနေပါတယ်။ တူရကီမြေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် မိုရာတာဟာ အခုနွေရာသီမှာ ကိုမိုအသင်းထံပြောင်းရွှေ့ဖို့ ရွးချယ်ခဲ့ပေမယ့် ဂါလာတာစာရေးအသင်းဘက်က စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၀ သန်းတောင်းဆိုခဲ့ပါတယ်။

အဆုံးသတ်မှာမှ အေစီမီလန် နဲ့ ကိုမိုတို့က စာချုပ်ဖျက်သိမ်းကြေးပေးချေဖို့ သဘောတူခဲ့တာကြောင့် လက်လွှတ်ခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့အပြီးသတ်ချိန်မှာ မိုရာတာက အင်စတာဂရမ်ကနေ ဂါလာတာစာရေးအသင်းကို “အပြီးမသတ်ခင်အထိ ခက်ခဲခဲ့ပါတယ်။ အာရုံစူးစိုက်မှုတွေက ဂုဏ်ယူစရာမဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ကို လုပ်ခလစာလက်လျှော့ဖို့အထိ တွန်းအားပေးခဲ့တာပါ။ ကျွန်တော့်အလုပ်ကြောင့်ရမယ့်လုပ်ခလစာတွေရှိပါတယ်။ ကျွန်တော့်အတွက်ကော ဘဝမှာကော အလုပ်မှာပါ ချိုးဖောက်လို့မရတဲ့စည်းမျည်းတွေရှိနေပါတယ်။ တစ်ဦးရဲ့အခွင့်အရေးကို လေးစားတာလည်း ပါဝင်ပါတယ်။ အသိအမှတ်မပြုတာအပြင် အခုလိုမျိုးလုပ်ရပ်တွေက မမျှတဘူးလို့ မြင်ပါတယ်။

ဒီလိုအကြောင်းအရာတွေကို လူသိရှင်ကြားပြောလို့မရဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ပရိသတ်တွေအနေနဲ့ နောက်ကွယ်မှာဘာတွေဖြစ်ခဲ့လဲဆိုတာကို ပေးရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားတို့ကော အစ္စတန်ဘူလ်မြို့ပါ ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပါ။ ဒီနေ့ကော အနာဂတ်မှာ သူတို့အသင်းအကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်”လို့ မိုရာတာက တင်ခဲ့ပါတယ်။ မိုရာတာဟာ လက်ရှိကိုမိုအသင်းနဲ့အတူ ပူးပေါင်းနေပြီဖြစ်ကာ လာမယ့် Sudtirol အသင်းနဲ့ ကိုပါအီတာလီယာပွဲမှာ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။