The network connection is lost.

Banner Image

လာမယ့်ရာသီမှာ ကျောနံပါတ် ၉ အင်္ကျီကိုပြောင်းလဲဝတ်ဆင်သွားမယ့် ဟွိုက်လန်း

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီကို ကျောနံပါတ် ၁၁ အင်္ကျီဝတ်ဆင်ပြီး ဖြတ်သန်းခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်စ်မက်စ်ဟွိုက်လန်းဟာ လာမယ့်ရာသီမှာတော့ ကျောနံပါတ်အသစ်အဖြစ် နံပါတ် ၉ အင်္ကျီကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

ဒိန်းမတ်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ အတ္တလန္တာမှ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရရှိခဲ့ပြီး ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ခဲ့ပေမယ့် ယခုအခါမှာတော့ အန်တိုနီမာရှယ်ထွက်ခွာသွားတာကြောင့် ကျောနံပါတ် ၉ အင်္ကျီကို ဆက်ခံခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဟွိုက်လန်းဟာ သူ့ရဲ့ပထမဆုံး ယူနိုက်တက်ကစားသမားဘဝကို နှေးကွေးစွာစတင်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ ပြိုင်ပွဲစုံ ၁၆ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အက်ဖ်အေဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ကျောနံပါတ် ၉ အင်္ကျီကို နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဆာဘော်ဘီချာလ်တန်၊ ဘရိုင်ယန်မက်ကလဲ၊ အန်ဒီကိုးလ်၊ ဒီမီတာဘာဘာတော့ဗ်နဲ့ ဇလာတန်အီဘရာဟီမိုဗစ်တို့ဝတ်ဆင်ကစားခဲ့တာကြောင့် ဟွိုက်လန်းအနေနဲ့ လာမယ့်ရာသီမှာ အဆိုပါတိုက်စစ်မှူးတွေရဲ့ခြေရာကိုနင်းပြီး သွင်းဂိုးတွေ ပိုမိုသွင်းယူနိုင်မလား စောင့်ကြည့်ရပါမယ်။

ဒါ့အပြင် ယူနိုက်တက်ရဲ့ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဗန်နစ္စတယ်ရွိုင်းကလည်း နည်းပြအဖွဲ့အဝင်အဖြစ် အသင်းနဲ့ ပြန်လည်ပေါင်းစည်းလာနိုင်တာကြောင့် ဟွိုက်လန်းအနေနဲ့ တိုက်စစ်မှူးဟောင်းကြီးဆီကနေ ဘယ်လောက်အထိသင်ယူသွားနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ လစ်လပ်သွားတဲ့ ကျောနံပါတ် ၁၁ ကိုတော့ အသင်းသို့မကြာသေးမီကမှ ရောက်ရှိလာခဲ့တဲ့ ဘိုလော့ဂ်နာတိုက်စစ်မှူး ဂျိုရှူးဝါးဇာကီကို ပေးအပ်သွားဖွယ်ရှိပါတယ်။

ယူနိုက်တက်မှာ နံပါတ်ဘယ်လောက်ကို ဝတ်ဆင်သွားမလဲဆိုတာနဲ့ ပတ်သက်ပြီး နယ်သာလန်ကြယ်ပွင့်က “ဒါကတော့ ဟွိုက်လန်းအပေါ် နည်းနည်းမူတည်ပါတယ်။ သူက အသင်းမှာအရင်ကတည်းကရှိနေပြီး တိုက်စစ်မှူးလည်းဖြစ်ပါတယ်။ နံပါတ် ၉ ကလစ်လပ်နေပြီး သူက နံပါတ် ၁၁ ပါ။ ဒါပေမယ့် သူကလည်း နံပါတ် ၉ ကိုလိုချင်မယ်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်က နံပါတ် ၁၁ ကိုယူရမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ဟွိုက်လန်းဟာ သူ့ရဲ့နံပါတ် ၉ အင်္ကျီအသစ်ကို ယူနိုက်တက်ရဲ့ အမေရိကန် ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ စတင်ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ ဒိန်းမတ်သားဟာ အာဆင်နယ်၊ ရီးရဲလ်ဘက်တစ်၊ လီဗာပူးတို့နဲ့ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်တွေအတွက်ရွေးချယ်ထားတဲ့ အဲရစ်တန်ဟက်ရဲ့ ကစားသမား ၂၉ ဦးစာရင်းမှာ ၁ ဦးအပါအဝင်ဖြစ်ပါတယ်။