The network connection is lost.

Banner Image

အာဆင်နယ်ကနေဘာကြောင့်ထွက်ခွာလဲဆိုတာကို ရှင်းပြလာတဲ့ ဟဲဗန်း

အာရှခရီးစဉ်မှာ ခြေစွမ်းပြခဲ့ပြီးနောက် ယူနိုက်တက်လူငယ်စတား ဟဲဗန်းက အာဆင်နယ်ကနေဘာကြောင့်ထွက်ခွာရလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။ အသက် ၁၉ နှစ်သားဟာ အာဆင်နယ်အကယ်ဒမီကို အသက် ၁၄ နှစ်ကတည်းကပြောင်းလာခဲ့တာဖြစ်ပြီး ၅ နှစ်အတွင်းမှာ တိုးတက်လာခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာတုန်းက အာဆင်နယ်အသင်းနဲ့အတူ စီနီယာကစားသမားဘဝပွဲထွက်ခွင့်ရခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီတုန်းက အာတီတာရဲ့ရာသီကြိုခရီးစဉ်မှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပွဲထွက်ခွင့် ၃ ပွဲသာ ပါဝင်ခွင့်ရခဲ့ပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့အကုန်မှာ ယူနိုက်တက်ထံပြောင်းရွှေ့ခဲ့ပါတယ်။  ယူနိုက်တက်ထံပြောင်းရွှေ့ပြီးနောက် ဟဲဗန်းတစ်ယောက် စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့သလို ဖူလ်ဟမ်နဲ့အက်အေဖလားပွဲမှာ ပွဲဦးထွက်ပါဝင်ခွင့်ရခဲ့ပါတယ်။
အဲ့နောက် အာဆင်နယ်နဲ့ပြန်လည်ရင်ဆိုင်ခဲ့တဲ့ပွဲမှာလည်း စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့သလို ဆိုစီဒက်နဲ့ယူရိုပါလိဂ်ပွဲမှာလည်း ပါဝင်ခွင့်ရခဲ့ပါတယ်။

လက်စတာနဲ့ပွဲမှာတော့ ဒဏ်ရာကြောင့် ပွဲအရှိန်ရပ်တန့်ခဲ့ပေမယ့် အလျင်အမြန်ပြန်လည်သက်သာလာခဲ့ပါတယ်။  အဲ့နောက် ဟောင်ကောင်အသင်းနဲ့ခြေစမ်းပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။ မန်ယူတီဗွီနဲ့အင်တာဗျူးမှာ  ယူနိုက်တက်စတားက ပုံမှန်ကစားခွင့်ရဖို့ နဲ့ တိုးတက်နိုင်ဖို့ အာဆင်နယ်ကနေထွက်ခွာခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။

“အတိတ်ကာလတုန်းက ဒီမှာလူငယ်ကစားသမားတွေအခွင့်အရေးရခဲ့ပါတယ်။ ယူနိုက်တက်က ၂၀၂၃ - ၂၄ ရာသီမှာ လူငယ်တွေကို နေရာပိုပေးခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်ကိုပြောင်းဖို့ တွန်းအားဖြစ်ခဲ့တာပါ။ ဒီကလူတွေနဲ့ ပရိသတ်တွေကလည်း ချစ်ကြပါတယ်။ ကျွန်တော် ဒီမှာကစားရတာပျော်သလို အရမ်းလည်းအားပေးကြပါတယ်”လို့ ဟဲဗန်းက ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ အာမိုရင်ကိုယ်တိုင် ဟဲဗန်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပါတယ်။ “ယူနိုက်တက်ကစားဟန်က ကျွန်တော်နဲ့အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ၃ ယောက်တန်းခံစစ်မှာကစားနိုင်ပါတယ်။ ကျွန်တော် ၃ ယောက်တန်းခံစစ်ရဲ့ဘယ်ခြမ်းမှာကစားရပါတယ်။ အဲ့တာက ဘောလုံးနဲ့အတူဆွဲပြေးရာမှာ အကူအညီဖြစ်စေပါတယ်။ အဲ့တာက ကျွန်တော့်အားသာချက်တွေထဲကတစ်ခုပါ”လို့ ဟဲဗန်းက ထပ်လောင်းဖြေကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီအပြီး လာမယ့်ရာသီသစ်အတွက် ဟဲဗန်းက ယူနိုက်တက်မှာနေရာရဖို့ ပစ်မှတ်ထားနေပြီး အာမိုရင်လက်အောက်မှာ ဆက်လက်တောက်ပလာဖွယ်ရှိနေပါတယ်။