The network connection is lost.

Banner Image

အင်္ဂလန်သားအနေနဲ့ စပိန်မြေမှာအံ့ဖွယ်ရာသီတစ်ခုပိုင်ဆိုင်မယ်လို့ ဖလစ် ယုံကြည်နေ

ဘာစီလိုနာနည်းပြ ဖလစ်က တောင်ပံကစားသမားသစ် ရက်ရှ်ဖို့ဒ်တစ်ယောက် ဒီရာသီစပိန်မြေမှာအံ့ဖွယ်ရာသီတစ်ခုပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ မာယော့ကာနဲ့ပွဲမှာ ဘာစီလိုနာအတွက်ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဖာရန်တောရက်စ်အစား လူစားဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့အာရုံစူးစိုက်မှုကို သဘောမကျဖြစ်နေပြီး လာမယ့် လီဗန်တေးနဲ့ပွဲမှာ အစီအစဉ်အသစ်ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။

နည်းပြ ဖလစ်က ဝေဖန်နေပေမယ့်လည်း ဘာစီလိုနာဟာ အဆိုပါပွဲမှာ ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး ပေးဂိုးမရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မာယော့ကာနဲ့ပွဲမှာ ၃ မှတ်ပြည့်ခဲ့ရခဲ့လို့ ပျော်ပေမယ့် အသင်းကအဆိုပါပွဲမှာ ၅၀% လောက်အာရုံစူးစိုက်ခဲ့တယ်လို့ ဖလစ်က ခံစားနေရပါတယ်။ ဂျာမန်သားက ပွဲအပြီးမှာ လာမယ့်ပွဲတွေအတွက် အချို့အခြေအနေတွေအလုပ်လုပ်ရဦးမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပြီးနောက် ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာရောက်လာချိန်မှာ ဖလစ်ရဲ့ချီးကျူးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။

“သူ(ရက်ရှ်ဖို့ဒ်)က ရွေးချယ်စရာပိုများစေပါတယ်။ သူက တောင်ပံကစားသမားတစ်ဦးအနေနဲ့ ကောင်းပါတယ်။ ဒါပေမယ့် သူ့အားသာချက်က ပထမထိချက်တွေပါ။ ဒီရာသီ ရက်ရှ်ဖို့ဒ်တစ်ယောက် အံ့ဖွယ်ရာသီတစ်ခုပိုင်ဆိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂါစီယာကတော့ ပွဲဦးထွက်ပါဝင်ခွင့်ရဖို့ စောင့်ဆိုင်းရပါဦးမယ်။ ကစားသမားရဲ့အာရုံစူးစိုက်မှု နဲ့ စိတ်ပိုင်းဆိုင်ရာက အံ့ဖွယ်ပါ။ လာမယ့်စနေနေ့မှာ တစ်ယောက် ဒါမှမဟုတ် ၂ ယောက်စလုံးရွေးချယ်နိုင်ချေရှိပါတယ်။ လာမယ့်အပတ်ထဲမှာတော့ တစ်စုံတစ်ခုပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့အကုန်လုံးမှတ်ပုံတင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။