The network connection is lost.

Banner Image

လိုက်ပ်ဇစ်နဲ့ပွဲမှာ ပြန်လာနိုင်ဖို့ မျှော်လင့်နေတဲ့ ဘိုင်ယန်စတား ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းတစ်ယောက် လိုက်ပ်ဇစ်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလအကုန်တုန်းက ဒေါ့မွန်ကိုသရေကျခဲ့တဲ့ပွဲမှာ ကိန်းတစ်ယောက် ပေါင်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲဆက် လွဲချော်ခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်နေပြီး ဂျာမန်သတင်းဌာန Bild ကတော့ လာမယ့်အင်္ဂါနေ့မှာ ကိန်းအနေနဲ့လေ့ကျင့်ခန်းပြန်ဆင်းနိုင်မယ်လို့ ဆိုပါတယ်။ ကိန်းကတော့ လာမယ့်သောကြာနေ့မှာ ဘွန်ဒက်စ်လီဂါအိမ်ကွင်းနောက်ဆုံးပွဲဖြစ်တဲ့ လိုက်ပ်ဇစ်နဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

အခြားတစ်ဖက်မှာလည်း အယ်လ်ဖွန်ဆိုဒေးဗီးစ်ကလည်း အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး လိုက်ပ်ဇစ်နဲ့ပွဲမှာ ပြန်လာနိုင်ဖွယ်ရှိနေကာ ပယ်လင်ဟာ နဲ့ ဂနာဘရီလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။ ကိန်းဟာ ဒီရာသီဘိုင်ယန်အတွက် ဘွန်ဒက်စ်လီဂါ ၁၂ ပွဲမှာ ၁၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ကာ လေဗာကူဆင်စတား အိုမာမာမွတ်ရှ်ရဲ့အထက်မှာ ၁ ဂိုးအသာနဲ့ရပ်တည်နေပါတယ်။

ဘိုင်ယန်ဟာ အခုအပတ်တုန်းက မိန့်ဇ်အသင်းကို ၂-၁ နဲ့အရေးနိမ့်ခဲ့ပြီး လာမယ့်သောကြာနေ့ လိုက်ပ်ဇစ်နဲ့ပွဲမှာ ပြန်လည်နိုင်ပွဲရယူနိုင်ဖို့ ကိန်းက ပစ်မှတ်ထားနေပါတယ်။