The network connection is lost.

Banner Image

ဘာစီလိုနာရဲ့လာလီဂါပြဿနာကို ဖြေရှင်းဖို့ ကြိုးစားမယ့် ဖလစ်

ဘာစီလိုနာနည်းပြ ဖလစ်က အသင်းရဲ့လာလီဂါပြဿနာကို ဖြေရှင်းဖို့ ကြိုးစားမယ်လို့ သိရပါတယ်။ ဂျာမန်သားရဲ့အသင်းဟာ လာလီဂါ ၃ ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာဖြစ်ပြီး ရလဒ်တွေဆိုးဝါးခဲ့တာဖြစ်ပါတယ်။ လာမယ့် မာယော့ကာ ၊ ဘက်တစ် ၊ ဒေါ့မွန်တို့နဲ့ပွဲမတိုင်ခင် ဂျာမန်သားအနေနဲ့ အသင်းကို ပြင်ဆင်ရမှာဖြစ်ကာ အဆိုပါပွဲအားလုံးဟာ အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဖလစ်ဟာ လက်ရှိနည်းစနစ်ပိုင်းကို စိတ်ပိုင်းကော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ အာရုံစိုက်ပြီး ဆက်လက်သယ်ဆောင်သွားဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ လက်စ်ပါးမက်စ် ၊ ဆယ်လ်တာ ၊ ဆိုစီဒက်စတဲ့ပွဲတွေမှာ ဘာစီလိုနာဟာ တစ်ဦးချင်းအမှားတွေကနေ ချေပဂိုးတွေ အနိုင်ဂိုးတွေပေးခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်နည်းပြဟောင်းဟာ ပြီးခဲ့တဲ့လတွေတုန်းက ဘာစီလိုနာနဲ့အတူတောက်ပခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရုန်းကန်လာခဲ့ရတာဖြစ်ပါတယ်။ ယာမဲလ် နဲ့ ကာဆာဒိုတို့ ပြန်လာနိုင်တော့မယ့်အနေအထားမှာ ဘာစီလိုနာအနေနဲ့ ပုံစံကောင်းပြန်လည်ရှာဖွေနိုင်ဖွယ်ရှိနေပါတယ်။