ကစားသမား ၃ ဦးကို အချိန်ပိုလုပ်ဆောင်စေခဲ့တဲ့ ဘာစီလိုနာနည်းပြ ဖလစ်
ဘာစီလိုနာနည်းပြ ဖလစ်ကတော့ အင်္ဂါနေ့တုန်းက မာယော့ကာကို အနိုင်ရပြီးနောက် ဒီဂျောင် ၊ ဂါစီယာ နဲ့ ပေါလ်ဗစ်တာတို့ကို အချိန်ပိုလုပ်ဆောင်စေခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအနေနဲ့ မာယော့ကာကို ၅-၁ နဲ့အနိုင်ရခဲ့ပေမယ့် အဆိုပါပွဲက သူတို့အတွက် မလွယ်ကူခဲ့တာဖြစ်ပါတယ်။
အမှန်တကယ်မှာလည်း ဖလစ်က ဒီဂျောင် ၊ ဂါစီယာ နဲ့ ဗစ်တာတို့ကို ပွဲအပြီးမှာ ထပ်မံအချိန်ပိုလုပ်ဆောင်စေခဲ့ပါတယ်။ အဆိုပါကစားသမား ၃ ဦးဟာ မာယော့ကာနဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး ဗစ်တာ နဲ့ ဒီဂျောင်တို့က ဘာစီလိုနာရဲ့ဂိုးတွေမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒီဂျောင် နဲ့ ဂါစီယာတို့ဟာ ကြံ့ခိုင်မှုပြည့်ဝအောင် လုပ်ဆောင်ခဲ့ရပြီး ဗစ်တာကတော့ ဒီရာသီမှာ ရုန်းကန်နေရတာဖြစ်ပါတယ်။ လာမယ့်ပွဲတွေမှာလည်း အဆိုပါကစားသမား ၃ ဦးစလုံးပွဲထွက်ခွင့်မိနစ်တွေပိုရလာဖွယ်ရှိနေပြီး လာမယ့်စနေနေ့မှာ ဘာစီလိုနာဟာ ဘက်တစ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။