The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲစဉ်မှာ ထူးချွန်ပြောင်မြောက်လွန်းတဲ့ခြေစွမ်းမျိုးပြသခဲ့သူကို ပက်ဂွါဒီယိုလာ ချီးကျူးဂုဏ်ပြု

ပက်ဂွါဒီယိုလာက အမှတ်ပေးဇယားဒုတိယနေရာဆီ တက်လှမ်းနိုင်ဖို့ လီဗာပူးကို သုံးဂိုးပြတ်အနိုင်ယူခဲ့တဲ့ မန်စီးတီးအသင်းစွမ်းဆောင်ရည်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံတွေကို အီတီဟတ်မှာ အနိုင်ယူဖို့ ဒိုကူရဲ့ပြောင်မြောက်လှတဲ့ ခြေစွမ်းနဲ့အတူ လေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်တလျှောက်လုံး ဘယ်လ်ဂျီယံကြယ်ပွင့်က လီဗာပူးကို အကောင်းဆုံးဒုက္ခပေးခဲ့ပြီး ဟာလန်း၊ နီကိုဂွန်ဇာလက်ဇ်တို့ရဲ့သွင်းဂိုးအပြီး တတိယမြောက်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။  အခုနိုင်ပွဲကြောင့် ပက်ဂွါဒီယိုလာက သူ့ရဲ့နည်းပြဘ၀ ပွဲ ၁၀၀၀ ပြည့်မြောက်ချိန် အနိုင်သုံးမှတ်နဲ့အတူ အောင်ပွဲခံနိုင်ခဲ့သလို အမှတ်ပေးဇယားထိပ်ပိုင်းမှာ အာဆင်နယ်နဲ့အပြိုင် မန်စီးတီးတို့ ရပ်တည်နိုင်ခဲ့ပါတယ်။

ပွဲစဉ်အပြီး ပက်ဂွါဒီယိုလာက သူ့အသင်းစွမ်းဆောင်ရည်ပိုင်းကို အတော်လေးသဘောကျနေခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရှင်ဒိုကူကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ စပိန်သားနည်းပြက “ ပထမပိုင်းပွဲချိန်တွေမှာ အရမ်းကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးက ပိုပြီး ဖိအားပေးခဲ့ပါတယ်။ အထူးသဖြင့် ပထမဆုံးငါးမိနစ်၊ ၁၀ မိနစ်အတွင်း ဘယ်လိုကစားခဲ့တယ်ဆိုတာ ကျွန်တော်တို့ မေ့သွားပါပြီ။ သူတို့တွေ ဘောလုံးဆုံးရှုံးသွားပြီဆိုရင် ကျွန်တော်တို့က အရှိန်အဟုန်တစ်ခု ဖန်တီးခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ သူတို့လည်း အခွင့်အရေးတစ်ကြိမ်၊ နှစ်ကြိမ် ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒိုကူနဲ့ပတ်သက်လို့ စပိန်သားနည်းပြက တောင်ပံကစားသမားရဲ့ထူးချွန်ထက်မြက်လွန်းတဲ့ တစ်ကိုယ်တော်စွမ်းဆောင်ရည်လို့ ချီးကျူးခဲ့ပါတယ်။ ပက်က “ နားထောင်ပါ၊ ကျွန်တော် တော်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို အလွန်အကျူးအထင်မကြီးလိုက်ပါနဲ့။ ကစားသမားတွေဆိုတာ သူတို့အလုပ်ပဲ သူတို့ လုပ်သွားကြတာပါ။ ကျွန်တော်တို့က ကစားသမားတွေကို အရှိန်အဟုန်ကောင်းတစ်ခု၊ ချိတ်ဆက်မှုကောင်းတစ်ခု ပေးအပ်နိုင်ဖို့ပဲ ကြိုးစားပါတယ်။ ကျွန်တော်က ဒိုကူကို တစ်ဦးချင်းကျော်ဖြတ်မှု ဘယ်လိုလုပ်ဆောင်သလဲဆိုတာ သင်ပေးဖို့လိုတယ်လို့ ထင်ပါသလား? ဒါက ပင်ကိုယ်ပါရမီစစ်စစ် ဖြစ်ပါတယ်။ ဒိုကူက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးခံစစ်အစွန်လူတစ်ဦးနဲ့ရင်ဆိုင်ရချိန် ထူးချွန်ထက်မြက်တဲ့ကစားပုံကို ပြသနိုင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။