The network connection is lost.

Banner Image

မန်စီးတီးမှာ တာဝန်တွေမပြီးဆုံးသေးလို့ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တာဖြစ်ကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ခြင်းမှာ အလုပ်တာဝန်တွေ မပြီးဆုံးသေးလို့ဖြစ်ကြောင်းနဲ့ အသင်းကို ဆက်လက်ကူညီပေးသွားလို့ စိတ်အားထက်သန်နေဆဲဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

စပိန်သားဟာ ပြီးခဲ့တဲ့ အပတ်က မန်စီးတီးနဲ့ စာချုပ်သက်တမ်း ၂ နှစ်တိုးမြှင့်ခဲ့ပြီး ၂၀၂၇ အထိ အီတီဟတ်မှာ ဆက်လက်နေထိုင်သွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မန်စီးတီးဟာ ၆ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ အတော်လေးရုန်းကန်နေရပြီး တနင်္ဂနွေနေ့မှာလည်း ခက်ခဲတဲ့ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ဂွါဒီယိုလာက “ကျွန်တော့်မှာ ဘောလုံးအတွက် စိတ်အားထက်သန်မှု အပြည့်ရှိနေဆဲဖြစ်ပြီး မနက်မိုးလင်းချိန်မှာ လေ့ကျင့်ရေးကွင်းကိုသွားဖို့ အဆင်သင့်ဖြစ်နေတုန်းပါ။ လီဗာပူးနဲ့ပွဲစဉ်အတွက် ကျွန်တော့်မှာအစီအစဉ်တွေရှိပါတယ်။ သူတို့ဘယ်လို တိုက်စစ်ဆင်တယ်၊ ဘယ်လိုခံစစ်ကစားတယ်ဆိုတာ ကျွန်တော်သေချာ လေ့လာထားပါတယ်။ အခုချိန်မှာတော့အသင်းက သက်တောင့်သက်သာအခြေအနေမှာရှိမနေပါဘူး။ ဒါကြောင့် နည်းနည်းအနားယူပြီး ပိုကောင်းအောင် ကြိုးစားသွားရပါမယ်”

“ကျွန်တော်အရင်က ဘာစီလိုနာမှာရှိခဲ့ပါတယ်။ ဒီနေ့က ဘာစီလိုနာအသင်းရဲ့ ၁၂၅ ကြိမ်မြောက်နှစ်ပတ်လည်နေ့ပါ။ ကျွန်တော်အဲဒီမှာ ၄ နှစ်နေထိုင်ခဲ့ပြီး ဆုဖလား ၁၄ ကြိမ်ရရှိခ့ပါတယ်။ ပြီးတော့ မက်ဆီလို ကစားသမားမျိုးကိုလည်း မွေးထုတ်နိုင်ခဲ့ပါတယ်။ အသင်းကနေ ထွက်ခွာလာချိန်မှာတော့ ဘာကြောင့် ထွက်ခွာခဲ့တာလဲလို့ မေးကြတာတွေရှိပါတယ်။ ဇာဗီ၊ အင်နီယေစတာ၊ ပူယိုးလ်တို့လို ကစားသမားတွေကို ဘာကြောင့် ထားခဲ့တာလဲလို့ မေးကြပါတယ်။ တကယ်တော့ ကျွန်တော့်တာဝန်ပြီးဆုံးခဲ့ပြီလို့ ယူဆလို့ ထွက်ခွာလာခဲ့တာပါ။ ဒီမှာ စာချုပ်သက်တမ်းတိုးခဲ့တာက တာဝန်တွေမပြီးဆုံးသေးလို့ပါ”
“ဒီမှာနေရတာ ဘာပြဿနာမှမရှိပါဘူး။ ကျွန်တော်ကလည်း  စာချုပ်သက်တမ်းရှိနေရုံနဲ့ ပြဿနာတွေရှိတဲ့နေရာမှာ နေချင်တဲ့လူမျိုးမဟုတ်ပါဘူး။ အသင်းဥက္ကဌကလည်း ဒါကို သိပါတယ်။ ဒီမှာ အလုပ်တွေလုပ်ဖို့ကျန်နေသေးတယ်လို့ ခံစားရပြီး ဆက်လက်လုပ်ချင်နေပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။

အမှတ်ပေးဇယားရဲ့  တတိယနေရာကိုရောက်ရှိသွားပြီဖြစ်တဲ့ မန်စီးတီးဟာ လီဗာပူးနဲ့ ပွဲစဉ်မှာတော့ အခုထက်ပိုပြီး ရမှတ်တွေမပြတ်တောက်စေဖို့ အပြုသဘောဆောင်တဲ့ရလဒ်မျိုးဖန်တီးနိုင်ဖို့ လိုအပ်နေပါတယ်။ ဒီရာသီမှာတော့ လီဗာပူးဟာ ပြိုင်ပွဲစုံမှာ တောက်လျှောက်ပုံစံကောင်းရနေပြီး ပြီးခဲ့တဲ့စက်တင်ဘာလက နော်တင်ဟမ်ဖောရက်စ်ကိုသာ ရှုံးနိမ့်ထားခဲ့သေးတာဖြစ်ပါတယ်။