
ပွဲဦးထွက်တောင်မကစားရသေးခင်မှာပဲ ဂီတာဖေးအသင်းရဲ့ ဂျာစီရောင်းအား စံချိန်တင်နိုင်ခဲ့တဲ့ ဂရင်းဝုဒ်
ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းပြသနိုင်ရေးအတွက် လုပ်ဆောင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက တိုက်စစ်ပိုင်းအတွက် ပြင်ဆင်နေချိန် အမှုမှလွတ်လာတဲ့ ဂရင်းဝုဒ်ရဲ့ အနာဂတ်အား ကြေငြာအပြီးမှာ ဂရင်းဝုဒ်အနေဖြင့် ဂီတာဖေးအသင်းကို ပြောင်းရွှေ့ကစားရန် ရွေးချယ်ခဲ့တာဖြစ်ပြီး ပွဲဦးထွက်မတိုင်မီမှာ လာလီဂါကလပ်အတွက် ဂျာစီရောင်းအားစံချိန်တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
နာမည်ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ ဒေးလီးမေးရဲ့ ဖော်ပြချက်အရ ဂီတာဖေးအသင်းအတွက် ပွဲဦးထွက်ပွဲစဉ်မတိုင်မီမှာပဲ မေဆင်ဂရင်းဝုဒ်ရဲ့ ကျောနံပါတ် ၁၂ ပါဂျာစီက ကလပ်အသင်းရဲ့ သမိုင်းတစ်လျှောက် ရောင်အားကောင်းဆုံး စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂရင်းဝုဒ်က ယူနိုက်တက်အသင်းကြီးနဲ့ အတူ ကစားခွင့်ရထားခဲ့တဲ့ ၂ရာသီခွဲအတွင်း ပရီးမီးယားလိဂ်ပွဲပေါင်း ၈၃ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ကာ သွင်းဂိုး ၂၂ဂိုး သွင်းယူပေးနိုင်ခဲ့အပြီးမှာ အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြကစားရင်း သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပေးထားနိုင်ခဲ့တာကြောင့် သရဲနီပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှု ရခဲ့တဲ့ ဂရင်းဝုဒ်အနေဖြင့် ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် အဖမ်းဆီးခံခဲ့ရပြီး တစ်နှစ်အကြာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် ဗြိတိန်တော်ဝင် ရဲတပ်ဖွဲ့မှ တရားဝင် လွတ်မြောက်စေခဲ့တာဖြစ်ပါတယ်။
အမှုကိစ္စတွေရဲ့အလွန်မှာ ပရိသတ်တွေအပြည့်ရှိနေတဲ့ မြက်ခင်းပြင်အထက် ပထမအကြိမ် ခြေချခွင့်ရရန်နီးစပ်နေပြီဖြစ်တဲ့ မေဆင်ဂရင်းဝုဒ်အနေဖြင့် ဂီတာဖေးသင်းနဲ့အတူ မကြာမီမှာပဲ ပွဲထွက်ကစားရဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။