The network connection is lost.

Banner Image

လီဗာပူးမှာ ဆက်နေဖို့ အရိပ်အမြွက်ပြောကြားခဲ့တဲ့ ဂိုးသမား ကယ်လီဟာ

အိုင်ယာလန်ဂိုးသမားဟာ လီဗာပူးနည်းပြသစ် အန်းစလော့ရဲ့ လက်ထက် ရာသီကြိုပထမပတ်ကို ကြိုဆိုလိုက်ပါတယ်။ "ဒါဟာ တကယ်ကို ကောင်းပါတယ် တကယ်ကို ပျော်စရာကောင်းပါတယ်" "ပထမရက်အနည်းငယ်က စမ်းသပ်မှုတွေချည်းပါပဲ။ ပြီးတော့ တကယ်ကောင်းတဲ့ လေ့ကျင့်ရေးတွေကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်"

"စလော့က အခုထိ ကောင်းပါတယ်။ သူအနေနဲ့ ကျွန်တော်တို့ လုပ်ချင်စေတဲ့အရာအတွက် အသေးစိတ်အများကြီးရှိပါတယ် လုပ်စရာတွေ အများကြီးရှိပေမယ့် သူလုပ်စေချင်တဲ့အရာတွေကို တကယ်ကောင်းကောင်းနားလည်လွယ်တဲ့အပြင် လွယ်ကူစေတဲ့အတွက် အသုံးဝင်ပါတယ်။ သူ့ရဲ့လေ့ကျင့်ရေးတွေက ပြင်းထန်ပြီး အမြဲတမ်းကောင်းပါတယ်" "အခုချိန်ထိ တကယ်ပျော်ဖို့ကောင်းနေပြီလို့ ပြောလို့ရပါတယ်" လို့ အိုင်ယာလန်နိုင်ငံ လက်ရွေးစင်က Liverpoolfc.com သို့ ပြောကြားခဲ့ပါတယ်၊။

အသင်းမှာ ကာလရှည်ကြာ ဂိုးသမားနည်းပြအဖြစ်ရှိနေတဲ့ ဂျွန်အန်ချာဘက်ချ်က အယ်လ်နာဆာသို့ ထွက်ခွာသွားခဲ့ပြီးနောက် ဖေဘီယံအော့တို အစားဝင်လာတာကို ကယ်လီယာက တွေ့ခဲ့ရပါတယ်။ "ကျွန်တော် ဂျွန်နဲ့ နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်ခဲ့ပြီး သူ့ကို အသိအမှတ်ပြုခဲ့ပြီး ထူးချွန်တယ်လို့ ကျွန်တော်ထင်ခဲ့တာပါ" "အခု ဖေဘီယံ ရောက်လာတာ အရမ်းကောင်းပါတယ်။ ကြည့်ရတာ အရမ်းကောင်းတယ်၊ တကယ်ကို စိတ်ဝင်စားဖို့ကောင်းသလို ခွန်အားလည်း အပြည့်နဲ့ပါ ဒါက အသင်းအတွက် ကောင်းပါတယ်။ ပြီးတော့ ဂိုးသမားတွေ အတွက် စိတ်ဝင်စားဖို့ကောင်းပြီး အတွေ့အကြုံကောင်းတွေနဲ့ အချို့သောအရာတွေအပေါ် မတူညီတဲ့ ထင်မြင်ယူဆချက်တွေကို ရရှိစေမယ့် အိုင်ဒီယာအသစ်တွေလည်း ယူလာနိုင်ပါတယ်" "ဒါက အသစ်အဆန်းဖြစ်ပြီး စိတ်လှုပ်ရှားစရာဖြစ်လို့ စောင့်မျှော်နေပါတယ်" လို့ သူက ပြောပါတယ်။

ဆက်လက်ပြီး ကယ်လီယာက "ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေက မနှစ်ကနဲ့ တကယ်တူပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော့်မှာ ပွဲထွက်ခွင့်တွေအများကြီးရှိခဲ့ပြီး ဒါဟာ တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ ဒါကြောင့် တူညီတဲ့ စွမ်းဆောင်ရည်ကို ထိန်းထားဖို့ပဲဖြစ်ပါတယ်" လို့ ပြောပါတယ်။