ဟမ်းဘတ်မြိုမှာ သရေတစ်မှတ်စီခွဲယူခဲ့ကြတဲ့ ဂျော်ဂျီယာနဲ့ ချက်
ဂျော်ဂျီယာ ၁-၁ ချက် (ပွဲပြီးရလဒ်)
ပထမပိုင်းမှာ ပွဲကိုစိုးမိုးခဲ့တဲ့ချက်က ဒုတိယပိုင်းမှာလည်း ဂျော်ဂျီယာကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းအဆုံးသတ်မသေချာမှုတွေကြောင့် သရေရလဒ်သာ ယူနိုင်ခဲ့ပါတယ်။ နာပိုလီကြယ်ပွင့် ခဗာရက်စ်ခီလီယာကို တည်ပြီးကစားနေတဲ့ ဂျော်ဂျီယာရဲ့တိုက်စစ်က ဒီနေ့မှာတော့ ခြေစွမ်းပြဖိုရုန်းကန်ခဲ့ရပြီး ပွဲချိန်တစ်လျှောက်လုံး ချက်ရဲ့တိုက်စစ်ကိုသာ ကာကွယ်နေခဲ့ရတာဖြစ်ပါတယ်။ သရေရလဒ်ကြောင့် နှစ်သင်းစလုံး ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ဖိုဆိုရင် နောက်ဆုံးပွဲစဉ်မှာ ဆက်လက် ရုန်းကန်သွားရဦးမှာပါ။