The network connection is lost.

Banner Image

အာဆင်နယ်က တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူမယ်ဆိုတဲ့ ပြောကြားမှုတွေအပေါ် တုံ့ပြန်လိုက်တဲ့ ဂါဘရီရယ် မာတီနယ်လီ

မန်စီးတီးအား ပရီးမီးယားလိဂ်ဆုဖလားကို ခြိမ်းခြောက်ဖို့အတွက်လုပ်ဆောင်ရာတွင် ဘရာဇီးလက်ရွေးစင်ကစားသမားက အာတီတာရဲ့အသင်းမှာ အဓိက နေရာကနေ ပါဝင်ခဲ့ပါတယ်။  

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီတွင် ဆိုးရွားစွာ ကျဆင်းခဲ့ရသော်လည်း ၎င်းတို့နှင့် ဂွါဒီယိုလာရဲ့အသင်းကြား ကွာဟချက်ကို နည်းပါးသွားစေရန် ကြိုးပမ်းမှုအတွက် ယခုနွေရာသီမှာ ပြင်ဆင်လျက်ရှိပါတယ်။ ဆက်ကိုရဲ့ လိုက်ပ်ဇစ်မှာ ဆက်နေဖို့ ဆုံးဖြတ်ချက်ဟာ ဒီလအစောပိုင်းမှာ အာတီတာအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပေမယ့် အာဆင်နယ်ဟာ အိုင်ဆက်၊ ဇီကီနဲ့ တိုနေးတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

တိုက်စစ်အားဖြည့်ဖို့ အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ မာတီနယ်လီက AS သို့
"ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အာဆင်နယ်အတွက် ကစားပေးတဲ့သူတွေက အရမ်းကောင်းပါတယ်။ ချန်ပီယံဖြစ်ဖို့ ကလပ်အသင်းမှာ အကောင်းဆုံး ကစားသမားတွေ ရှိရပါမယ်။ မယုံနိုင်လောက်အောင် အရည်အသွေးရှိတဲ့ ကစားသမားများစွာနဲ့ ထူးချွန်တဲ့အသင်းတစ်သင်းရှိပါတယ်"  "ကစားသမားခေါ်ယူမှုကို ဘယ်သူက သတ်မှတ်ပေးလဲဆိုတော့ အီဒူးနဲ့ အာတီတာပါ။ သူတို့အပေါ်မှာပဲ မူတည်ပါတယ်" "အရည်အသွေးရှိတဲ့ ကစားသမားတွေ ရောက်လာပြီး အသင်းကို တိုးတက်အောင်လုပ်တဲ့အခါ ပရိသတ်တွေအတွက် ပျော်ရွင်ရပါတယ်။ အဲဒီ့ကိစ္စက ကျွန်တော်တို့ စိုးရိမ်စရာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကွင်းထဲမှာ အကောင်းဆုံး အလုပ်လုပ်ရမှာဖြစ်ပြီး အဲဒီအပိုင်းကို သူတို့တွေဆီ ထားခဲ့ရမှာပါ"လို့ ပြောပါတယ်။

မာတီနယ်လီကိုယ်တိုင်က ဒဏ်ရာနှစ်ခုကြောင့် ခက်ခဲတဲ့ရာသီကို ကြံ့ကြံ့ခံခဲ့ပြီး ထရိုဆက်ရဲ့ ဂိုးသွင်းနေတဲ့ပုံစံကြောင်းလည်း အာတီတာရဲ့ပွဲထွက်စာရင်းမှာ ဘရာဇီးသားက ပြိုင်ဆိုင်နေရတာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ယခုနွေရာသီ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် နိုင်ငံအတွက်ကိုယ်စားပြုကစားဖို့ ကြံ့ခိုင်မှုကိုတည်ဆောက်ရန် မျှော်လင့်ထားပြီး ပြီးခဲ့တဲ့ရာသီကအမှားတွေကို ပြင်ဆင်ကာ ရာသီကြိုခြေစမ်းပွဲများတွင် ပါဝင်ကစားရန် မျှော်လင့်နေမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက လွဲချော်ခဲ့ရတဲ့အပေါ် မာတီနယ်လီက "အသင်းအတွက် စိတ်မကောင်းဖြစ်မိပါတယ်"  "ကျွန်တော်တို့အဖွဲ့ဟာ အရမ်းကို ရင်းနှီးကြပါတယ် လန်ဒန်မှာ မိသားစုရှိပါတယ်။ ကျွန်တော်တို့ ချန်ပီယံဖြစ်ချင်ပေမယ့် ဒီနှစ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပြီးခဲ့တဲ့ရာသီက လုပ်ခဲ့တဲ့အရာတွေကြောင့် အခုအချိန်ကို စောင့်ရမှာပါ" "ချန်ပီယံအဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပေမယ့် ကြုံခဲ့ရတာတွေကို သင်ခန်းစာအဖြစ် မှတ်ယူရမှာပါ"  "ဒါဟာ အရမ်းခက်ခဲတဲ့လိဂ်ပါ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးပါ။ အခု လာမယ့်နှစ်မှာ အနိုင်ရဖို့ တတ်နိုင်သမျှ အာရုံစိုက်ပြီး ကြိုးစားသွားရမှာ ဖြစ်ပါတယ်"

"ကျွန်တော်တို့မှာ အလားအလာကောင်းတွေ အများကြီးရှိတဲ့ အသင်းတစ်သင်း ရှိပါတယ်။ ဒါကို သံသယမရှိဘဲ ကျွန်တော်တို့က ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်" "ကျွန်တော်တို့က ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ ဆုဖလားအားလုံးအတွက် တိုက်ပွဲဝင်သွားမှာပါ။ ပရိသတ်တွေက ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကို အရမ်းယုံကြည်ပါတယ်။ အခု ကျွန်တော်တို့ ဆုဖလားတွေရဖို့ အာရုံစိုက်ထားရမှာပါ" လို့ ပြောပါတယ်။