ဘာစီလိုနာပွဲတွေကိုကြည့်ရတာ ကြိုက်နှစ်သက်ဆဲလို့ ဇာဗီဝန်ခံပြောကြား
ဘာစီလိုနာကွင်းလယ်လူ ဇာဗီက အင်တာဗျူတစ်ခုမှာ သူ့အနေနဲ့ အသင်းဟောင်း ဘာစီလိုနာရဲ့ပွဲတွေကို ကြည့်ရတာ ကြိုက်နှစ်သက်ဆဲလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဒါ့အပြင်
ဇာဗီက သူ့ကြည့်ရတာ ကြိုက်နှစ်သက်တဲ့ကစားသမားကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ဘယ်ကစားသမားကို ကြည့်ရတာ ပိုအကြိုက်ဆုံးလဲ?။ အဲ့တာကတော့ လီယိုပါ။ ဘာစီလိုနာအနိုင်ရတာကို ကြည့်ရတာက ကြိုက်ပါတယ်။ ကမ္ဘာပေါ်က ဘောလုံးသမားတော်တော်များများကို ကျွန်တော်ကြိုက်ပါတယ်။
ဒါပေမယ့် ကျွန်တော့်အတွက်တော့ လီယိုက နံပတ် ၁ ဖြစ်နေဆဲပါ”လို့ ဇာဗီက ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာက အခုပြိုင်ပွဲမှာ ပါဝင်မှာမဟုတ်ပဲ မက်ဆီရဲ့အင်တာမိုင်ယာမီက ပယ်လ်မားရီးယက်စ် ၊ ပေါ်တို ၊ အယ်-အက်လီအသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။ အင်တာဗျူးမှာ ဇာဗီက ဂွါဒီယိုလာရဲ့ဘာစီလိုနာ နဲ့ စပိန်အသင်းကြား ခြားနားမှုကို “ခြားနားမှုက မက်ဆီပါ။ ကျွန်တော်တို့နိုင်ငံအသင်းမှာ လီယိုမရှိပါဘူး။ သူ့လိုအားထားရမယ့်သူမျိုးမရှိခဲ့ပါဘူး။
အသင်းက သူ့အပေါ်အများကြီးမီခိုခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်။ ဥရောပချန်ပီယံ ၊ ကမ္ဘာ့ဖလား နဲ့ ယူရိုချန်ပီယံဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာမှာတုန်းက အရမ်းကောင်းတဲ့မျိုးဆက်တစ်ခုရှိခဲ့ပါတယ်။ အဲ့မျိုးဆက်နဲ့အတူ အရာအားလုံးရယူနိုင်ခဲ့ပါတယ်”လို့ ဇာဗီက ပြောကြားခဲ့ပါတယ်။
ဇာဗီက ကလပ်ကမ္ဘာ့ဖလားဟာ ကမ္ဘာပေါ်က အသင်းတိုင်းပါဝင်မှာဖြစ်တာကြောင့် လူတော်တော်များများစောင့်ကြည့်ကြလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“ဒီပြိုင်ပွဲက အလှည့်အပြောင်းတစ်ခုဖြစ်နိုင်ပါတယ်။ အဲ့တာက ကမ္ဘာပေါ်ကအသင်းတိုင်းပါဝင်မှာဖြစ်တာကြောင့် ပရိသတ်တွေ စောင့်ကြည့်နေကြမှာ သေချာပါတယ်”လို့ ဇာဗီက ထပ်လောင်းပြောကြားခဲ့ပါတယ်။