The network connection is lost.

Banner Image

ချဲလ်ဆီးစတားတစ်ဦးကို ဝေဖန်လိုက်တဲ့ ဂန္ထဝင်ဟောင်း ဖရန့်ခ်ဒီဘိုးဝါး

ချဲလ်ဆီးအသင်းဂန္ထဝင်ဟောင်း ဒီဘိုးဝါးက အသင်းဟောင်းရဲ့တောင်ပံကစားသမား မူဒရစ်ခ်ကို ဝေဖန်လိုက်ပါတယ်။ ချဲလ်ဆီးဟာ မူဒရစ်ခ်ကို ပေါင် ၈၉ သန်းအထိ ပေးချေပြီး ခေါ်ယူခဲ့ပေမယ့် တန်ကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုးပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ယူကရိန်းသားဟာ ချဲလ်ဆီးအတွက် ၅၈ ပွဲမှာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၄ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ယူရို ၂၀၂၄ မှာလည်း မူဒရစ်ခ်တစ်ယောက် ထပ်မံရုန်းကန်ခဲ့ရပြီး ယူကရိန်းက ၄ မှတ်သာရရှိခဲ့ပြီး အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

အင်တာဗျူးတစ်ခုမှာ ဒီဘိုးဝါးက “မူဒရစ်ခ်က ဘာတန်ဖိုးမှမရှိတော့ပါဘူး။ သူက ချဲလ်ဆီးမှာလည်း ခြေစွမ်းမပြနိုင်သလို ယူကရိန်းမှာလည်း အတူတူပါပဲ။ နည်းပြအများကြီးအောက်မှာလည်း သူက ဘာမှမတိုးတက်လာပါဘူး။ မူဒရစ်ခ်ကို ဘယ်သူဝယ်ချင်မှာလဲ။ ကျွန်တော်ဆိုရင်လည်း အခုလက်ရှိ ၁၀ သန်းနဲ့ဆိုရင်တောင် သူ့ကိုမဝယ်ချင်ပါဘူး။ အချက်အလက်တွေအရ ပေါင် ၁ သန်းဆိုရင်တောင် မဝယ်ပါဘူး။ သူအသင်းမှာရောက်နေတာ အခုဆိုရင် ၁၈ လရှိနေပါပြီ။ သူ့အတွက် ခက်ခဲတယ်ဆိုတာသိပေမယ့် ချဲလ်ဆီးက ခေါ်ယူမယ်လုပ်တုန်းက တော်တော်စိုးရိမ်ခဲ့တာပါ။ သူတို့ မူဒရစ်ခ်နေရာမှာ အစားထိုးရပါမယ်။ ကျွန်တော့်ကို ၁၉၉၆ တုန်းက ပေါင် ၂ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အဲ့တုန်းက အများကြီးလို့ ကျွန်တော်ထင်ပါတယ်။ မူဒရစ်ခ်ကို ပေါင်သန်း ၇၀ ဒါမှမဟုတ် တစ်စုံတစ်ခုနဲ့ ခေါ်ယူခဲ့တာပါ။ အဲ့တာက တကယ့်ကိုမိုက်မဲတာပါ”လို့ ပြောကြားခဲ့ပါတယ်။

မူဒရစ်ခ်ဟာ ချဲလ်ဆီးအသင်းနဲ့ရာသီကြိုခြေစမ်းပွဲကန်ဖို့ ပြန်လာနေပြီဖြစ်ကာ နားရက်ကိုလျော့ချပြီး မာရက်စ်ကာလက်အောက်မှာ မူရင်းခြေစွမ်းပြန်လည်ရယူနိုင်ဖို့ အလိုရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ရာသီကြိုခရီးစဉ်ခြေစမ်းပွဲအဖြစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ဝီရာဟမ်းအသင်းနဲ့ ကစားမှာဖြစ်ပါတယ်။