The network connection is lost.

Banner Image

ပြီးခဲ့တဲ့ပွဲတွေက စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတဲ့ ဖလစ်

ဘာစီလိုနာနည်းပြ ဖလစ်တစ်ယောက် လာလီဂါ ၆ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့ပြီးနောက် အသင်းရဲ့ပြီးခဲ့တဲ့ပွဲတွေက စွမ်းဆောင်ရည်ကို မပျော်မရွှင်ဖြစ်နေပြီး ဆုဖလားတွေအတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ရာသီအစတုန်းက ပြိုင်ပွဲစုံနောက်ဆုံး ၁၆ ပွဲမှာ ၁၄ ပွဲအနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာဟာ တနင်္ဂနွေနေ့က လီဂါနက်စ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တာကြောင့် ၂ ပွဲဆက်အိမ်ကွင်းမှာအရေးနိမ့်ခဲ့ပါတယ်။ လက်ရှိလာလီဂါအမှတ်ပေးဇယားမှာ ၃၈ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပေမယ့် ဒုတိယနေရာက တီကိုက အမှတ်တူအနေအထားမှာ ၁ ပွဲလက်ကျန်ရှိနေသေးတာဖြစ်ပါတယ်။

ရလဒ်ဆိုးဝါးနေတာတွေကို ရပ်တန့်ဖို့ ဘာစီလိုနာဟာ တီကိုအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တီကိုအသင်းက ပြိုင်ပွဲစုံနောက်ဆုံး ၁၁ ပွဲကို အနိုင်ရရှိထားခဲ့ပါတယ်။
“ဒီမြို့ နဲ့ ဒီပရိသတ်တွေ အသင်းအတွက်ခံစားနေရတာကို ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ အရေးပါတဲ့ကစားသမား ၅ ဦးအထိ လက်လွှတ်ထားခဲ့ရပါတယ်။ အသင်းက တိုးတက်ဖို့ အာရုံစိုက်နေပါတယ်။ 

ကျွန်တော်တို့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး မပျော်ပါဘူး။ ဒါပေမယ့် ရာသီမကုန်ခင်အထိ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်မှာပါ။ ကျွန်တော်တို့ ဆုဖလားတွေလိုချင်ပါတယ်။ ဒါပေမယ့် အဲ့တာက မလွယ်ကူဘူးဆိုတာ သိပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရချင်ပါတယ်။ အဲ့တာက ကျွန်တော်တို့ မနက်ဖြန်မှာ လိုချင်တာပါ”လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ တီကိုနဲ့နောက်ဆုံး ၅ ကြိမ်တွေ့ဆုံမှုမှာ အနိုင်ရရှိထားပြီး အခုတစ်ကြိမ်မှာလည်း နိုင်ပွဲဆက်အောင် ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဆီမြွန်နီရဲ့အသင်းဟာ နောက်ဆုံး ၄ ပွဲမှာ ၁ ဂိုးမှခွင့်မပြုထားခဲ့ရပဲ ဖလစ်က တီကိုနဲ့ပွဲကိုအနိုင်ရချင်တယ်ဆိုရင် အမှားသေးသေးတောင်လုပ်လို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

“အဲ့ပွဲက ဒီနှစ်ရဲ့နောက်ဆုံးနှစ်ပွဲပါ။ ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့အကောင်းဆုံးပြိုင်ဘက်တွေထဲကတစ်သင်းပါ။ ဒါပေမယ့် ဒီနေ့က ဒီဇင်ဘာ ၂၀ ရက်နေ့ပါ။ ကျွန်တော်တို့ ပထမဆုံးလာလီဂါကန်ရပါမယ်။ ဒုတိယက ချန်ပီယံလိဂ်ပါ။ ကျွန်တော်တို့ မဆိုးဝါးသေးပါဘူး။ လက်စ်ပါးမက်စ် ၊ လီဂါနက်စ်တို့နဲ့ပွဲတွေမှာ အမှတ်ဆုံးရှုံးထားပေမယ့် ကျွန်တော်တို့ ပြန်လာနိုင်မှာပါ။ မနက်ဖြန်က နောက်တစ်ပွဲပါ။ ကျွန်တော်တို့က လူငယ်အသင်းဖြစ်သလို တိုက်ပွဲဝင်ရဦးမှာဖြစ်ပြီး တိုးတက်အောင်လုပ်ရပါမယ်။

ကျွန်တော်တို့ ကောင်းမွန်တဲ့အရာတွေကို အောင်မြင်မှုယူချင်ပါတယ်။ ဒါပေမယ့် အဲ့တာက မလွယ်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ မနက်ဖြန်မှာ စတင်တိုက်ပွဲဝင်ရပါမယ်။ ကျွန်တော်တို့ အသင်းကောင်းတွေနဲ့ကစားရပါမယ်”လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာလူငယ်စတား ယာမဲလ်ကတော့ လီဂါနက်စ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ၄ ပတ်လောက်နားရမှာဖြစ်ပါတယ်။