The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက်အတွက် ချဲလ်ဆီးမှထွက်ခွာဖွယ်ရှိတဲ့ ဂိုးသမားဂျော်ဂန်ဆန်

ချဲလ်ဆီးဂိုးသမားဖီးလစ်ဂျော်ဂန်ဆန်က စီနီယာအဆင့်ပုံမှန်ပွဲထွက်ခွင့်ရရှိရေးအတွက် လာမယ့်ဇန်နဝါရီဈေးကွက်မှာ ချဲလ်ဆီးမှထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အသက်-၂၃ နှစ်အရွယ်ဂိုးသမားက ရော်ဘတ်ဆန်းချက်ဇ်နေရာမှာ အစားထိုးဝင်ရောက်ဖို့ အခွင့်အရေးများစွာ ရရှိခဲ့ပေမယ့် ပါဝင်ကစားတဲ့ပွဲစဉ်တိုင်းမှာ ရုန်းကန်နေခဲ့ရပါတယ်။

အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ ဂျော်ဂန်ဆန်က စီနီယာအဆင့်ပုံမှန်ပွဲထွက်ခွင့်ပိုမိုရရှိရေးအတွက် ဇန်နဝါရီလမှာ ချဲလ်ဆီးမှထွက်ခွာသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျော်ဂန်ဆန်က လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်မယ်ဆိုရင် ဒိန်းမတ်ရဲ့နံပါတ်-၁ ဂိုးသမားဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

ဒိန်းမတ်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့အင်္ဂါနေ့၊ စကော့တလန်ကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိဖို့ Play-off အဆင့်ကိုဖြတ်သန်းနိုင်ရန် မဖြစ်မနေလိုအပ်နေပါတယ်။