
အာမိုရင်က ယူနိုက်တက်မှာဆက်ရှိနေပြီး ပြန်လည်တည်ဆောက်ရမယ်လို့ ဖာဒီနန် အခိုင်အမာဆို
ယူနိုက်တက်ဂန္ထဝင်ဟောင်း ဖာဒီနန်က တော့တင်ဟမ်ကို ယူရိုပါလိဂ်ဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပေမယ့် အာမိုရင်ဟာ ယူနိုက်တက်မှာဆက်ရှိနေပြီး အသင်းကို ပြန်လည်တည်ဆောက်ရမယ်လို့ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညတုန်းက ယူရိုပါလိဂ်ဖိုင်နယ်မှာ တော့တင်ဟမ်ကို ဂျွန်ဆင်ရဲ့တစ်လုံးတည်းသောဂိုးနဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
စွမ်းဆောင်ရည်ကောင်းပေမယ့် နည်းပြရဲ့နည်းစနစ် နဲ့ လူထုတ်ပုံက မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဖာဒီနန်က အာမိုရင်အနေနဲ့ ယူနိုက်တက်မှာဆက်ရှိနေသင့်ပြီး အခွင့်အရေးပေးကာ အသင်းကို ပြန်လည်တည်ဆောက်ရမယ်လို့ ထင်မြင်နေပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီအမှတ်ပေးပြိုင်ပွဲတွေမှာလည်း ရလဒ်တွေဆိုးဝါးခဲ့သလို စွမ်းဆောင်ရည်ပိုင်းလည်း တည်ငြိမ်မှုမရှိခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့တာက ဆာဂျင်မီ နဲ့ ယူနိုက်တက်တို့အတွက် ဖိအားတွေများလာခဲ့ပါတယ်။ ဖာဒီနန်က အာမိုရင်ကို တစ်ရာသီအပြည့်အခွင့်အရေးထပ်ပေးဖို့ လိုအပ်သလို ကစားသမားအင်အားလည်းဖြည့်တင်းပေးဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။
“ရူဘင်က ခံစစ်အားသန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက အနည်းငယ်ရှေးရိုးဆန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့အနာဂတ်ကို ရလဒ်တွေက ဆုံးဖြတ်မယ်လို့ ကျွန်တော်မထင်ပါဘူး။ လာမယ့်ရာသီသစ်အတွက် ဘယ်လိုရလဒ် ဘယ်လိုစွမ်းဆောင်ရည်မျိုးကမှ အကျိုးသက်ရောက်မယ်လို့ ကျွန်တော်မထင်ပါဘူး။ သူလည်း သေချာပေါက် အဲ့တာကိုသိမယ်လို့ ထင်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက သူ့အနေနဲ့ တစ်ရာသီအပြည့်မကိုင်ခဲ့ရသလို ရာသီကြိုခြေစမ်းပွဲလည်း မရှိခဲ့ပါဘူး။ လာမယ့်ရာသီသစ်မှာ ချန်ပီယံလိဂ်မရှိတာကြောင့် ခင်ဗျားအနေနဲ့ ရလဒ်ကောင်းရအောင် ကြိုးစားလို့ရနိုင်ပါတယ်။ ပွဲလည်းနည်းသလို ကြားပွဲလည်းမရှိတာကြောင့် ပွဲမပန်းနိုင်ပါဘူး။ အဲ့လိုအခြေအနေမှာမှာ အခုလိုမျိုးထပ်ဖြစ်မယ်ဆိုရင် ခွင့်မလွှတ်ပေးနိုင်ပါဘူး။
ပရိသတ်တွေကော ကျွန်တော်ကော ၊ စခိုးလ်ပါ ဒီနေရာမထိုင်ပြီး အားပေးနေပါတယ်။ ပရိသတ်တွေအားလုံးကလည်း ဒီအသင်းကို အားပေးနေဆဲပါ။ လာမယ့်ရာသီသစ်မှာလည်း သူတို့နောက်ကနေ အားပေးနေဖို့ လိုအပ်ပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။
အာမိုရင်အတွက်တော့ အခုလာမယ့်နွေရာသီမှာ လူအင်အားပြန်လည်တည်ဆောက်ဖို့ ခက်ခဲဖွယ်ရှိနေပြီး ဆာဂျင်မီအနေနဲ့ ငွေကြေးထုတ်ပေးဖို့ လိုအပ်နေပါတယ်။ အာမိုရင်အနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေအတွင်း သူ့ရဲ့နည်းစနစ်အမြင်ကို အာရုံစိုက်ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီသားအနေနဲ့ ရာသီအစပိုင်းမှာတင် တိုးတက်အောင်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။