The network connection is lost.

Banner Image

အော်ဇေးနှင့် သရေကျခဲ့သော်လည်း စောဒကတက်စရာမရှိနေတဲ့ ပီအက်စ်ဂျီနည်းပြ အင်းနရစ်

ပီအက်စ်ဂျီဟာ အော်ဇေးနှင့် ဂိုးမရှိသရေကျခဲ့သော်လည်း သူ့မှာ စောဒကတက်စရာအကြောင်းမရှိဘူးလို့ အင်းနရစ် က အခိုင်အမာ ပြောကြားလိုက်ပါတယ်။

Stade de l'Abbe Deschamps တွင် အော်ဇေး ဂိုးသမား ဒိုနိုဗန်လီယွန်က လက်စွမ်းပြသခဲ့ပြီးနောက် လီဂူးဝမ်းထိပ်သီးအသင်းဟာ အမှတ်များ လျော့သွားခဲ့ရတာဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ ယခုရာသီ လိဂ်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ဂိုးမသွင်းနိုင်ခဲ့သလို ပထမပိုင်း၌ ဖေဘီယံရုဇ်သွင်းခဲ့တဲ့ ဂိုးကလည်း လူကျွံဘောဖြစ်ခဲ့ပါတယ်။

ပွဲအတွင်း ၁၁ ကြိမ် ကာကွယ်မှုပြုလုပ်ခဲ့တဲ့ လီယွန်ဟာ ပြင်သစ်ထိပ်တန်းလိဂ်တွင် Clean Sheet ရယူနိုင်ခဲ့တဲ့ အများဆုံးသော ကာကွယ်မှုဖြစ်ခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ အင်းနရစ်ဟာ ယခုနှစ်ရာသီ အိမ်ကွင်းတွင်ကစားထားတဲ့ လိဂ်ပွဲ ၇ ပွဲတွင် ၁ ပွဲသာ ရှုံးနိမ့်ထားတဲ့ နန့်တက်စ်နှင့် ယှဉ်ပြိုင်ကစားမယ့်ပွဲအတွက် အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

"ကွင်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ရလဒ်က ရှင်းရှင်းလင်းလင်းပါပဲ။ အိမ်ကွင်းမှာ ဒုတိယအကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ကျွန်တော်တို့ ဂိုးသွင်းဖို့ အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့ပါတယ်" 
"မပြီးဆုံးသေးတဲ့ လုပ်ငန်းက ဂိုးတွေ သွင်းနေတာပဲဆိုတာ သေချာပါတယ်။ ဒါက ပွဲတွေကို အနိုင်ရတာပါပဲ။ ဒါပေမယ့် ကျွန်တော့်အသင်းနဲ့ ပတ်သက်ပြီး ဘာမှ စောဒကတက်စရာမရှိပါဘူး"

"ဒါက ဂိုးတွေ အများကြီး သွင်းပြီး အခွင့်အရေးတွေ အများကြီး ဖန်တီးပေးတဲ့ အသင်းပါ။ ကံမကောင်းလို့ ဂိုးသွင်းခွင့် လွတ်သွားတဲ့ ကစားသမားတွေကို ကျွန်တော် ဘယ်တော့မှ ဝေဖန်မှာ မဟုတ်ဘူး။ သူတို့ကို ယုံကြည်မှု တည်ဆောက်ပေးပြီး တိုးတက်အောင် လုပ်ဖို့ပဲ တိုက်တွန်းမှာပါ" လို့ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။