
ပေါလ်ပေါ့ဂ်ဘာ ကို တတိယအကြိမ် ပြန်လည်ခေါ်ယူရန် ယူနိုက်တက်အား တိုက်တွန်းလိုက်တဲ့ ဒွိုက်ယော့ခ်
ယူနိုက်တက်ဟာ ပေါလ်ပေါ့ဂ်ဘာ ကို ပြန်လည်ဝယ်ယူသင့်ကြောင်း အကြံပြုခြင်း ခံထားရပြီး လက်ရှိရွေးချယ်စရာများထက် ပိုမိုကောင်းမွန်တာကြောင့် ဒွိုက်ယော့ခ်ကတော့ ပြင်သစ်သားကို ခေါ်ယူလိုက်ပါလို့ ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဖလားဆုရှင် ပြင်သစ်နိုင်ငံသား ပေါ့ဂ်ဘာဟာ ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပါတယ်။သူဟာ ၂၀၁၆ ခုနှစ်တွင် ဂျူဗင်တပ်မှ အိုးထရက်ဖို့ဒ်သို့ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားတစ်ဦးအဖြစ် ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သို့သော် ကွင်းလယ်ကစားသမားဟာ ပေါင် ၈၉ သန်း (ဒေါ်လာ ၁၁၃ သန်း) တန်ဖိုးနှင့် မလိုက်ဖက်ခဲ့ပါဘူး။
သူဟာ ၂၀၂၂ ခုနှစ်တွင် အသင်းနှင့် နောက်တစ်ကြိမ် လမ်းခွဲခဲ့ပြီး ဂျူဗင်တပ်တွင် နောက်ထပ်ကာလတစ်ခု ကစားခဲ့ပြီးနောက် ဒိုပင်းသုံးစွဲမှုကြောင့် ပိတ်ပင်ခံထားရစဉ် အီတလီရှိ သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းခံခဲ့ရပြီး လက်ရှိတွင် Free Agent တစ်ဦးဖြစ်နေပါတယ်။ ပေါ့ဂ်ဘာ ကို MLS အသင်း အင်တာမီယာမီ နှင့် လီဂူးဝမ်းကလပ် မာဆေးလ်တို့အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အသင်းများက ချိတ်ဆက်နေတာဖြစ်ပါတယ်။
ဒွိုက်ယော့ခ်က ယူနိုက်တက်ဟာ ပေါ့ဂ်ဘာ ကို မန်ချက်စတာသို့ ပြန်လည်ခေါ်ယူရန် ရွေးချယ်စရာကို စဉ်းစားသင့်ကြောင်း ပြောကြားခဲ့ပြီး ၁၉၉၉ ခုနှစ်ရဲ့ဖလား ၃ လုံးဆုရှင်က casinobeats.com သို့ "ဒါက စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ပါ။ ကျွန်တော်က ပေါလ်ပေါ့ဂ်ဘာ ကို တတိယအခွင့်အရေး ပေးသင့်တယ်လို့ ထင်တယ် ဘာလို့လဲဆိုတော့ ယူနိုက်တက်မှာ လက်ရှိရှိနေတဲ့အရာတွေနဲ့ သူဘာလုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့သိတာကြောင့်ပါ"
"သိသာထင်ရှားတာက နှစ်လလောက်ကျန်တော့မယ် ကြည့်လိုက်ကြရအောင်ပါ။ သူ့ကို စာချုပ်ပေးလိုက်ပါ။ ကိုယ့်ကိုကိုယ် သက်သေပြဖို့ အချိန်ရှိပါတယ်။ အသင်းသို့ရောက်လာပြီး ကစားနိုင်ပါတယ် ဒီအခြေအနေကို ကူညီပေးနိုင်ပါတယ်။ ပေါ့ဂ်ဘာ က အရမ်းစိတ်ဝင်စားနေမယ်ဆိုတာ သေချာပါတယ်။ သူက လုံခြုံမှုရှိစေဖို့ ရေရှည်စာချုပ်ကို လိုချင်ကောင်း လိုချင်ပါလိမ့်မယ်"
"သူ့နာမည်ကို ဘာလို့ဖော်ပြရသလဲဆိုတာ ကျွန်တော်နားလည်ပါတယ် ယူနိုက်တက်က ရုန်းကန်နေရတယ် ပြီးတော့ ပေါ့ဂ်ဘာ က တကယ့်ကို ကောင်းတဲ့ကစားသမားပါ။ သူက ၃၁ နှစ်ရှိပြီဆိုပေမယ့် ကျွန်တော်ထင်တာက ကျွန်တော်တို့အသင်းမှာ လက်ရှိရှိနေတဲ့သူတွေထက် ပိုကောင်းတယ်။ ပြီးတော့ အလွတ်ဖြင့်ရနိုင်မယ့် ကစားသမားတစ်ယောက်ကို ခေါ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကွင်းလယ်မှာ ပိုကောင်းတဲ့သူကို ရနိုင်မယ်ဆိုရင် လုပ်သင့်ပါတယ်" လို့ ဒွိုက်ယော့ခ်က ပြောပါတယ်။
ယူနိုက်တက်ဟာ အာမိုရင် လက်ထက်တွင် ဖန်တီးနိုင်စွမ်းနှင့် ဂိုးသွင်းနိုင်စွမ်းအတွက် ရုန်းကန်နေရပြီး ထိုအခြေအနေကို ပြောင်းလဲရန်နှင့် အသင်းတစ်ခုလုံးရဲ့ ကံကြမ္မာကို မြှင့်တင်ရန် တစ်ခုခုလုပ်ရမှာက သိသာထင်ရှားပါတယ်။ ပေါ့ဂ်ဘာက ရင်းနှီးသောပတ်ဝန်းကျင်တွင် အသင်းအတွက် အရှိန်အဟုန်ဖြစ်စေရန် ကူညီပေးနိုင်သူဖြစ်နိုင်ပါတယ်။