
တန်ဟက်အနေနဲ့ ကက်စ်မဲရိုးကို သူ့ရဲ့နေရာမှန်တွင်သာ ကစားစေသင့်တယ်လို့ ပြောလိုက်တဲ့ ဒွိုက်ယော့ခ်
တန်ဟက်ရဲ့အသင်းဟာ ဝုဗ်နှင့် နော်တင်ဟမ်ဖောရက်စ်တို့ကို အနိုင်ယူခဲ့ပြီး တော့တင်ဟမ်နှင့် အာဆင်နယ်တို့ကို ရှုံးနိမ့်ခဲ့ကာ ကွင်းပြင်ပ ပြဿနာတွေလည်း ရှိခဲ့တာကြောင့် ရာသီအစတွင် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
အန်တိုနီကကလည်း အိမ်တွင်းအကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသလို၊ ဆန်ချိုကလည်း နည်းပြနှင့် လူသိရှင်ကြား ပြဿနာတက်ခဲ့ခြင်း အပါအဝင် ကက်စ်မဲရိုးဟာ တန်ဟက်အတွက် စိုးရိမ်စရာဖြစ်လာပြီး နည်းပြအနေနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းနှင့် ဆွေးနွေးသင့်ပါတယ်လို့ ဒွိုက်ယော့ခ်က ထင်နေပါတယ်။ ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ်တွင် စိတ်အချရဆုံးသူအဖြစ် တာဝန်ပေးခံရတဲ့ ကက်စ်မဲရိုးအနေနဲ့ သူ့ရဲ့ အဓိကတာဝန်များကို လုပ်ကိုင်နေရခြင်းမရှိကြောင်းနှင့် အသင်းရှိသူ့ရဲ့အခန်းကဏ္ဍကို အမှတ်ရနေရမှာဖြစ်တယ်လို့ ဒွိုက်ယော့ခ်က ပြောကြားလိုက်ပါတယ်။
"ကက်စ်မဲရိုးက အရေးကြီးတဲ့ ပွဲစဉ်တချို့မှာ ဂိုးသွင်းယူပေးခဲ့ပြီး ကောင်းမွန်တဲ့ ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ထားကာ ရှေ့တန်းသို့ စွန့်စားပြီး ပိုမိုတက်ရောက်ကစားနေတယ်လို့ ထင်မိပါတယ်""သူဟာ ကွင်းလယ်မှာ အထိုင်ချပြီး ကစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ရှေ့တန်းသို့ရောက်နေတဲ့ အနေအထားမှာ ဆက်မြင်နေရပါတယ်။ ပွဲကစားချိန်အများစုမှာ ရှေ့တန်းမှာရောက်နေတဲ့အတွက် နောက်တန်းသို့ ပြန်ပြေးဖို့ဆိုတာ သူ့အတွက် ခက်ခဲစေမှာပါ" "သူ့အနေနဲ့ ပြိုင်ဘက်ရဲ့ဂိုးဧရိယာနားတွင် ကစားဖို့ ကြိုးစားတာကို ရပ်တန့်ပြီး အေးဆေးကစားဖို့ လိုအပ်ပါတယ်။
သူက မက်ဒရစ်မှာ ဂိုးသွင်းတဲ့သူ မဟုတ်ခဲ့ဘဲ နည်းပြအနေနဲ့ သူ့ကို နံပါတ် ၆ နေရာမှာ ဆက်နေဖို့ ပြောသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်" "သူ့မှာ မကြာခဏဆိုသို့ နောက်သို့ပြန်ပြေးဖို့ ခွန်အားနည်းနေပါပြီ။ အဲဒါကြောင့် ယူနိုက်တက်ရဲ့ကွင်းလယ်က လွှမ်းမိုးခံနေရတာကို တွေ့မြင်နေရတာပါ။ သူ့ရဲ့ပုံမှန်နေရာအတိုင်း ကစားရတဲ့အခါ သူဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိတဲ့အတွက် စည်းကမ်းလိုက်နေဖို့ ပိုမိုလိုအပ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်" လို့ ဒွိုက်ယော့ခ်က Genting Casino သို့ ပြောကြားခဲ့ပါတယ်။
အမ်မရာဘတ်ကို ဖီအိုရင်တီးနားမှ အငှားဖြင့် ခေါ်ယူထားတာကြောင့် ကွင်းလယ်ခံစစ်ပိုင်းအတွက် ကက်စ်မဲရိုးဖို့ အကူအညီပေးနိုင်မှာဖြစ်ကာ စနေနေ့ ဘရိုက်တန်နှင့်ပွဲမှာတော့ ပါဝင်ကစားပေးနိုင်မှာ မဟုတ်ပါဘူး။ အမ်မရာဘတ်ဟာ နိုင်ငံတကာပွဲစဉ်များကျင်းပနေစဉ်တွင် ဒဏ်ရာပြဿနာကြောင့် မော်ရိုကိုလက်ရွေးစင်အသင်းရဲ့ ပွဲစဉ်များကို လွဲချော်ခဲ့ပြီး ယခုရက်သတ္တပတ်ကုန်တွင် ကြံ့ခိုင်မှုပြည့်ဝခြင်း ရှိ မရှိကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။