အင်္ဂလန်ကို သရေကျခဲ့ပြီးနောက် ကစားသမားတွေကို နားရက်ပေးခဲ့တဲ့ ဒိန်းမတ်နည်းပြ ဟာဂျယ်မန်း
ဒိန်းမတ်အသင်းနည်းပြ ဟာဂျယ်မန်းက အင်္ဂလန်အသင်းကို သရေကျခဲ့ပြီးနောက် ကစားသမားတွေကို နားရက်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်စကားလုံး hygge ဆိုတာကတော့ နွေးထွေးမှုနဲ့ သက်တောင့်သက်သာရှိမှုကို ဆိုလိုတာဖြစ်ပါတယ်။
ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်တုန်းက အင်္ဂလန်ရဲ့အနိုင်ယူခြင်းကို ခံခဲ့ရတဲ့ ဒိန်းမတ်အသင်းဟာ အခုယူရိုပြိုင်ပွဲမှာတော့ ၁-၁ သရေကျအောင် ကန်နိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါရလဒ်ကြောင့် ဆားဘီးယားနဲ့အုပ်စုနောက်ဆုံးပွဲ မတိုင်ခင် အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
“ဇွန်လ ၃ ရက်နေ့ကတည်းက ကျွန်တော်တို့အတွက် ပထမဆုံးနားရက်ရတဲ့နေ့ပါ။ အရေးကြီးတဲ့အနေအထားတစ်ရပ်ရှိနေပါတယ်။ သူတို့ဘာလုပ်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ လူတွေက သူတို့လုပ်စရာရှိတာကိုပဲ လုပ်တာပါ”လို့ ပြောကြားခဲ့ပါတယ်။
ဟာဂျယ်မန်းတစ်ယောက် သတင်းထောက်တွေကိုပြောကြားခဲ့တဲ့ hygge ဆိုတဲ့စကားလုံးက မဂ္ဂဇင်းတွေမှာ ရေပန်းစားနေတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းနဲ့ပွဲမှာ မပါဝင်ခဲ့တဲ့ကစားသမားတွေကတော့ သောကြာနေ့တုန်းက ပြင်းထန်တဲ့ လေ့ကျင့်ခန်းဆင်းမှုတွေလုပ်ဆောင်နေပြီး ဟာဂျယ်မန်းတစ်ယောက် တွေ့ဆုံမှုအချို့လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ဘာလုပ်ဖို့ လိုအပ်လဲဆိုတာ အတိအကျသိပါတယ်။ ဆလိုဗေးနီးယားနဲ့ပွဲအပြီးမှာ ကျွန်တော်တို့ ပြင်ဆင်ချိန် ၁ ရက်ပိုရခဲ့ပါတယ်။ ကျွန်တော်တို့ နေရာကောင်းတစ်ခုမှာ ရှိခဲ့ပြီး ဒီနေ့လေ့ကျင့်ခန်းအပြီးမှာ တစ်ရက်ခွဲလောက်အနားယူမှာပါ”လို့ ဟာဂျယ်မန်းက ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ရမှတ် ၄ မှတ်နဲ့အုပ်စုပထမနေရာမှာ ရပ်တည်နေကာ ဒိန်းမတ်နဲ့ ဆလိုဗေးနီးယားတို့က ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဆားဘီးယားက ဆလိုဗေးနီးယားကို သရေကျခဲ့ပြီးနောက် ရမှတ် ၁ မှတ်နဲ့ တတိယနေရာနဲ့ အုပ်စုအောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။