The network connection is lost.

Banner Image

ဘာစီလိုနာစတားဟာ လုပ်ခလစာအမြင့်ဆုံးမတောင်းဆိုထားကြောင်း ဒေကို အခိုင်အမာဆို

ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုက လူငယ်စတား ယာမဲလ်ကို ရီးရဲလ်အသင်းထံက ကမ်းလှမ်းမှုဘယ်တုန်းကမှမရခဲ့သလို လုပ်ခလစာလည်း အမြင့်ဆုံးမတောင်းဆိုထားကြောင်း ပြောကြားလိုက်ပါတယ်။ အသက် ၁၇ နှစ်သားဟာ သမိုင်းမှတ်တိုင်တွေစိုက်ထူနေပြီး စီနီယာကစားသမားအဖြစ် အမြင့်မားဆုံးစာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။

လာမယ့်ဇူလိုင်လမှာ အသက် ၁၈ နှစ်ပြည့်မယ့် ယာမဲလ်ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ ယာမဲလ်ရဲ့စွမ်းဆောင်ရည်ကြောင့် ထိပ်တန်းအသင်းတွေထဲကတစ်သင်းက စိတ်ဝင်စားလာတယ်ဆိုတဲ့အပေါ် ဒေကိုက “သူ(ယာမဲလ်)က အသင်းမှာလုပ်ခလစာအများဆုံးမတောင်းဆိုသလို အဲ့တာကလည်း မမှန်ပါဘူး။ သူဒီမှာပျော်နေပါတယ်။ သူအသက်အရွယ်အတိုင်း ရှင်သန်နေတာပါ။ 

ဘယ်လောက်ခက်ခဲခက်ခဲ ပြဿနာမဟုတ်ပါဘူး။ သူပျော်နေပါတယ်ကစားသမားတစ်ယောက် အခုအဆင့်အတန်းမှာပျော်နေဖို့ လိုပါတယ်။ကျွန်တော့်အတွက် သူ့အသက်က ၁၇ ဒါမှမဟုတ် ၂၆ ဖြစ်လည်းပြဿနာမဟုတ်ပါဘူး။ ကျွန်တော့်အတွက် ဘောလုံးက မျှတဖို့ လိုအပ်တာပါ။ သူ့မှာ သူနဲ့ကိုက်ညီမယ့်စာချုပ်ရှိနေပါတယ်။

လုပ်ခလစာအများဆုံးက ပြဿနာမဟုတ်ပါဘူး။ အရေးအကြီးဆုံးအရာက သူပျော်နေဖို့ပါ။ ဘာစီလိုနာထက်ပိုကောင်းတဲ့အသင်းသူ့မှာမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ စာချုပ်က ၄ နှစ် ဒါမှမဟုတ် ၅ နှစ် ၆ နှစ်လည်းဖြစ်နိုင်ပါတယ်။ မှန်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူ့ကိုပီအက်စ်ဂျီက မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်အသင်းတော့ မပါဝင်ပါဘူး”လို့ ဒေကိုက ဖြေကြားခဲ့ပါတယ်။

ယာမဲလ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး ဒေကိုက “ကျွန်တော် သူ့ကိုဘော်လွန်းဒီအော်ဆုရစေချင်ပါတယ်။ ကျွန်တော်တို့မှာ အဲ့အဆင့်ကိုရောက်နိုင်တဲ့ကစားသမားအချို့ရှိနေပါတယ်။ ယာမဲလ်က အဲ့ကစားသမားတွေထဲကတစ်ယောက်ပါ။ ရာဖင်ဟာဆိုရင်လည်း အကောင်းဆုံးရာသီတစ်ခုရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါမယ်။ ဘာစီလိုနာစတားတစ်ဦး ဘော်လွန်းဒီအော်ဆုရစေချင်ပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယာမဲလ်ဟာ ဘာစီလိုနာအသင်းဖလား ၃ လုံးချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့သလို ဇွန်လမှာလည်း စပိန်အသင်းကို နေးရှင်းလိဂ်ဖလားအောင်မြင်မှုရအောင် စွမ်းဆောင်ပေးဖွယ်ရှိနေပါတယ်။