The network connection is lost.
နယ်သာလန်အသင်းဟာ ဂျာမနီမှာ ကန်မယ့် ယူရို ၂၀၂၄ လူစာရင်းအတွက် အတည်ပြုခဲ့ပြီး ၄ ဦးကို ဖယ်ထုတ်လိုက်တယ်လို့ သိရပါတယ်။ နယ်သာလန်ဟာ အုပ်စု (D) မှာ ပိုလန် ၊ သြစတြီးယား ၊ ပြင်သစ်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။
ကိုးလ်မန်းရဲ့အသင်းဟာ ဇွန်လ ၁၆ ရက်နေ့မှာ ပိုလန်အသင်းနဲ့ စတင်ကန်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက နယ်သာလန်အသင်းဟာ ၁၆ သင်း အဆင့်မှာ ချက်အသင်းကို ၂-၀ နဲ့ အရေးနိမ့်ခဲ့သေးတာဖြစ်ပါတယ်။
လေ့ကျင့်ခန်း ၁ ပတ်ဆင်းပြီးနောက် ကိုးလ်မန်းဟာ လူစာရင်းကနေ ကစားသမား ၄ ဦးကို ဖယ်ထုတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ထဲမှာ ပရီးမီးယားလိဂ်ရဲ့ကစားသမားတစ်ဦး ပါဝင်နေပြီး ချဲလ်ဆီးအသင်းကနေ ဒေါ့မွန်အသင်းထံ အငှားလာကစားနေတဲ့ မက်ဆန်ကို ဖယ်ထုတ်ခဲ့တာဖြစ်ပါတယ်။
မက်ဆန်ဟာ အခုအပတ်ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဒေါ့မွန်အသင်းအတွက် ပါဝင်လာဖွယ်ရှိနေပြီး ယူရိုအတွက်တော့ နေရာမရှိခဲ့တာဖြစ်ပါတယ်။ အခြားကစားသမား ၃ ဦးထဲမှာတော့ နစ်အိုလီဂျေ ၊ ကွမ်တန်တင်းဘား ၊ မာတင်ဒီရွန်တို့ ပါဝင်နေပါတယ်။
နယ်သာလန်အသင်းလူစာရင်း
=============
ဂိုးသမား - ဖလီကန် ၊ ဗာဘရူဂန်
နောက်တန်း - အကီ ၊ ဘလိုင်း ၊ ဗန်ဒိုက် ၊ ဒမ်ဖရိုင်း ၊ ဖရင်းပေါင် ၊ ဂါထရီဒါ ၊ ဒီလစ်ဂျ် ၊ ဗန်ဒီဗန် ၊ ဒီဗာဂျေ
ကွင်းလယ် - ဂရာဗန်ဘာ့ဂျ် ၊ ဒီဂျောင် ၊ ကော့ပ်မီနာ ၊ ရိုင်ဂျန်ဒါ ၊ ဒီရွန် ၊ ရှိုတန် ၊ ဆိုင်မွန် ၊ တင်းဘား ၊ ဗာမန်း ၊ ဝှစ်ချ်နယ်ဒန်
တိုက်စစ် - ဘာ့ဂျ်ဗင်း ၊ ဘရော့ဘေး ၊ ဒီပေး ၊ ဂတ်ပို ၊ မယ်လန် ၊ ဝီဟော့စ်