The network connection is lost.

Banner Image

ယူရိုပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် ဘယ်လ်ဂျီယံအတွက် ဆက်လက်ကစားဖို့မသေချာတော့တဲ့ ဒီဘရိုင်း

ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဘယ်လ်ဂျီယံဟာ ပြင်သစ်ကို ၀-၁ နဲ့ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီး ပွဲအပြီးမှာတော့ အသင်းခေါင်းဆောင်   ကယ်ဗင်ဒီဘရိုင်းက အနာဂတ်မှာ ဘယ်လ်ဂျီယံအတွက် ဆက်လက်ကစားပေးဖို့ရှိမရှိဆိုတဲ့ မေးခွန်းကို ဖြေကြားဖို့ငြင်းဆန်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးကြယ်ပွင့် အနေနဲ့ လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့မျှော်လင့်နေသော်လည်း ယခုပြိုင်ပွဲမှာ အသင်းရဲ့နောက်ခံလူ ဗာတွန်ဂန်ရဲ့ OG နဲ့အတူ ၁၆ သင်းအဆင့်မှာပဲ နှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။

ကွင်းလယ်လူဟာ ဘယ်လ်ဂျီယံလက်ရွေးစင် ကစားသမားဘဝကို ၂၀၁၀ ခုနှစ်အတွင်း ဖင်လန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်တာ ကာလအတွင်းမှာ ဘယ်လ်ဂျီယံဟာ ဥရောပတစ်ဝှမ်း အတောင့်တင်းဆုံးသော လူစာရင်းကို ပိုင်ဆိုင်ခဲ့သော်လည်း ကံအကြောင်းမလှစွာနဲ့ ဆုဖလားတွေတော့ လုံးဝ ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပါဘူး။

ပြင်သစ်ကိုရှုံးနိမ့်ခဲ့ပြီးနောက် အနာဂတ်မှာ ဘယ်လ်ဂျီယံအတွက် ဆက်လက်ပါဝင်ဦးမှာလားလို့မေးမြန်းခဲ့ရာ  အသက်-၃၃ နှစ်အရွယ်ကစားသမားက “ပြောဖို့စောလွန်းပါသေးတယ်။ ကျွန်တော်စဉ်းစားရပါဦးမယ်။ လောလောဆယ်မှာတော့ အားလပ်ရက်မှာ ကောင်းကောင်းအနားယူပြီး နောက်မှပဲ အနာဂတ်ကိုစဉ်းစားသွားမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။

ဂျာမနီကနေ အိမ်ပြန်လက်မှတ်ရပြီးနောက်မှာတော့ ဒီဘရိုင်းဟာ နွေရာသီအားလပ်ရက်ကို သက်တောင့်သက်သာ ကျော်ဖြတ်နိုင်တော့မှာဖြစ်ပြီး အားလပ်ရက်အပြီးမှာတော့ လက်ရှိချန်ပီယံ မန်စီးတီးနဲ့အတူ နောက်နှစ်  ပရီမီးယားလိဂ်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ ရာသီကြိုခြေစမ်းပွဲစဉ်တွေ အတွက် အမေရိကန်သို့ ခရီးထွက်ခွာသွားမှာဖြစ်ပါတယ်။