The network connection is lost.

Banner Image

၅ လအကြာမှာတင် ယူနိုက်တက်ကနေထွက်ခွာခဲ့တဲ့ ဒန်အက်ရှ်ဝါ့တ်

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝါ့တ်တစ်ယောက် အသင်းနဲ့လက်တွဲပြီး ၅ လအကြာမှာတင် ထွက်ခွာခဲ့ပြီလို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဒန်ကိုခန့်အပ်ဖို့အတွက် နယူးကာဆယ်အသင်းထံ ပေါင် ၃ သန်းပေးချေခဲ့ရတာဖြစ်ပါတယ်။ အက်ရှ်ဝါ့တ်ဟာ ယူနိုက်တက်အသင်းရဲ့ကစားသမားသစ်ခေါ်ယူမှုတွေမှာ ပါဝင်ခဲ့တာဖြစ်ပြီး သတင်းတွေအရ အခုလိုလမ်းခွဲမှုဟာ ၂ ဦးသဘောတူဖြစ်တယ်လို့ သိရပါတယ်။

အက်သလက်တစ်သတင်းဌာနရဲ့ဖော်ပြချက်အပြင် ယူနိုက်တက်အသင်းကလည်း ကြေညာချက်ထုတ်ပြန်ပြီး “ဒန်အက်ရှ်ဝါ့တ်အနေနဲ့ ယူနိုက်တက်အသင်းနဲ့ ၂ ဦးသဘောတူလမ်းခွဲခဲ့တာဖြစ်ပါတယ်။ သူအသင်းအတွက် လုပ်ဆောင်ပေးခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်နေမှာဖြစ်သလို အနာဂတ်မှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

အက်ရှ်ဝါ့တ်ဟာ ယူနိုက်တက်အသင်းရဲ့ဘောလုံးစွမ်းဆောင်ရည် ၊ လူသစ်ခေါ်ယူရေး နဲ့ အခြားအစီအစဉ်တွေမှာ ပါဝင်ခဲ့ကာ သူ့နေရာကို အမှုဆောင် အိုမာက အစားဝင်ဖွယ်ရှိနေပါတယ်။ ဒန်ကိုထုတ်ပယ်ခဲ့ပြီးနောက်မှာ ဆာဂျင်မီ နဲ့ INEOS တာဝန်ရှိသူတွေဟာ သူ့နေရာမှာ အလျင်အမြန်အစားထိုးဖွယ်ရှိနေပါတယ်။

ယူနိုက်တက်ဟာ နွေရာသီတုန်းက ပေါင်သန်း ၂၀၀ လောက်နီးပါးအသုံးပြုခဲ့သလို ရာသီအစရလဒ်တွေဆိုးဝါးခဲ့တဲ့ တန်ဟက်နဲ့လည်း လမ်းခွဲခဲ့ပါတယ်။လက်ရှိမှာတော့ ယူနိုက်တက်ကို စပို့တင်းနည်းပြဟောင်း အာမိုရင်က ဦးဆောင်နေပြီး မနေ့ညတုန်းက အိမ်ကွင်းမှာ နော်တင်ဟမ်ကို ၃-၂ နဲ့အရေးနိမ်ခဲ့ကာ အာဆင်နယ်ကို အရေးနိမ့်ပြီးနောက် ၂ ပွဲဆက်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။