The network connection is lost.

Banner Image

ယူနိုက်တက်အစုရှယ်ယာ တိုးမြှင့်ရရှိခဲ့တဲ့ ဆာဂျင်ရက်ကလစ်ဖ်

သတင်းတွေအရ ယူနိုက်တက်အမှုဆောင် ဆာဂျင်မီတစ်ယောက် ယူနိုက်တက်အစုရှယ်ယာတိုးမြှင့်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်သူဌေးဟာ ယူနိုက်တက်အသင်းရဲ့ရှယ်ယာ ၂၇.၇% ကို ၂၀၂၄ ဖေဖော်ဝါရီတုန်းက ဝယ်ယူထားခဲ့ပါတယ်။ အခုချိန်မှာတော့ အမေရိကန် လုံခြုံရေး နဲ့ ငွေပြောင်းလဲရေးကော်မရှင်ကြောင့် ရှယ်ယာက ၂၈.၉၄% အထိ တိုးမြှင့်လာခဲ့သလို အမြတ်ငွေပေါင် ၇၉ သန်းရရှိခဲ့ပါတယ်။

အဆိုပါအခြေအနေကို INEOS နဲ့ အခြားအားကစားတွေမှာ မျှတစွာသုံးစွဲရမှာဖြစ်ပြီး သတင်းတွေအရ ရရှိလာတဲ့ငွေကြေးကို ဆာဂျင်မီက ယူနိုက်တက်နည်းပြ အာမိုရင်အတွက် အသုံးပြုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆာဂျင်မီ နဲ့ အမှုဆောင်တွေဟာ တန်ဟက်လက်အောက်မှာတုန်းက ပေါင်သန်း ၂၀၀ နီးပါးအထိ အသုံးပြုပေးထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အားကစားဒါရိုက်တာ အက်ရှ်ဝါ့တ်ကို ထုတ်ပယ်ခဲ့စဉ်မှာလည်း ပေါင် ၁၅ သန်းပေးချေခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ တာဝန်ရှိသူတွေအနေနဲ့ အာမိုရင်ကို ထောက်ပံ့ပေးဖို့ မျှော်လင့်နေပြီး ယူနိုက်တက်ဟာ လက်မှတ်ကြေးတွေမြှင့်တင်ခဲ့သလို ဝန်ထမ်း ၂၅၀ ကျော် နဲ့ အခြားငွေကုန်ကျမယ့်အရာတွေကို လျော့ချထားခဲ့တာဖြစ်ပါတယ်။