The network connection is lost.

Banner Image

အိုးလ်ထရက်ဖို့ဒ်မှာ ပြန်ကစားရတာကို နှစ်သက်ကြောင်း ဝန်ခံလိုက်တဲ့ ချဲလ်ဆီးကြယ်ပွင့် ကိုးလ်ပယ်လ်မာ

ချဲလ်ဆီးကြယ်ပွင့် ကိုးလ်ပယ်လ်မာဟာ ယူနိုက်တက် ပရိသတ်တစ်ယောက်အဖြစ် ကြီးပြင်းလာပြီးနောက် အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတာကို နှစ်သက်ကြောင်း ပြောကြားလိုက်ပါတယ်။ မန်စီးတီးမှာ သူ့ရဲ့ကစားသမားဘဝကို စတင်ခဲ့ပေမယ့် ပယ်လ်မာက သူဟာ ငယ်စဉ်ကတည်းက ယူနိုက်တက် ပရိသတ်တစ်ယောက်ဖြစ်ပြီး လူငယ်ဘဝမှာ အိုးလ်ထရက်ဖို့ဒ်ကို မကြာခဏ သွားရောက်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အခုအချိန်မှာတော့ ချဲလ်ဆီးကြယ်ပွင့်ဖြစ်လာတဲ့ ပယ်လ်မာဟာ သရဲနီတွေရဲ့ နာမည်ကြီး ကွင်းမှာ ကစားရတာကို စိတ်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

သူက Sky Sports သို့ "ကျွန်တော် အိုးလ်ထရက်ဖို့ဒ်ကို ပြန်သွားရတဲ့အခါ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ပွဲတွေကြည့်ဖို့ သွားခဲ့လို့ပါပဲ" သူ့ရဲ့ ငယ်စဉ်က စံနမူနာယူခဲ့တဲ့သူက ဘယ်သူလဲလို့ မေးတဲ့အခါ ယူနိုက်တက်ရဲ့ ဂန္တဝင် ရွန်းနီ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ "ကျွန်တော်က ယူနိုက်တက်ကို အားပေးခဲ့တာပါ။ သူဟာ ကျွန်တော် ပွဲတွေကြည့်နေတဲ့အချိန်မှာ အကောင်းဆုံးကစားသမားဖြစ်နိုင်ပါတယ်" လို့ ပြောပါတယ်။

ယူနိုက်တက်ဟာ ပယ်လ်မာလို အရည်အချင်းရှိ ကစားသမားတစ်ဦးကို အခုအချိန်မှာ ပိုင်ဆိုင်ချင်မှာပါ။ ဘာလို့လဲဆိုတော့ သူဟာ ချဲလ်ဆီးမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်လာလို့ပါ။ တစ်နေ့နေ့မှာ သရဲနီတွေထံ ပြောင်းရွှေ့နိုင်တဲ့ အလားအလာလည်း ရှိနေပါတယ်။ ၂၀၂၃ ခုနှစ်မှာ မန်စီးတီးကနေ ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့တဲ့ ပယ်လ်မာဟာ တနင်္လာနေ့ ဝက်စ်ဟမ်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ မာရက်စ်ကာရဲ့အသင်းအတွက် ပါဝင်ကစားမှာဖြစ်ပါတယ်။