The network connection is lost.

Banner Image

အရက်သောက်ပြီး ကားမောင်းခဲ့တာကြောင့် ဒဏ်ကြေးအဖြစ် ပေါင် ၅၇၀၀၀ ဆောင်လိုက်ရတဲ့ လင်ဂတ်

အသက် ၃၀ အရွယ် ယူနိုက်တက်ကစားသမားဟောင်းဟာ ကားအသစ်အား ဝယ်ယူပြီး ၃ လအကြာ ဇူလိုင်လ ၈ ရက်နေ့တွင် ရပ်တန့်စစ်ဆေးခြင်းခံခဲ့ရပြီး သတ်မှတ်ထားတဲ့ ပမာဏထက် အရက်ကို ၂ ဆ သောက်ထားတာကို တွေ့ရှိခဲ့ရပါတယ်။
 
လင်ဂတ်ရဲ့ Lamborghini Uris ဟာ အရှိန်ဖြင့် မောင်းနှင်နေခြင်းဖြစ်ကြောင်းကို အဆိုကားနောက်သို့ လိုက်ခဲ့တဲ့ အရာရှိတစ်ဦးက သတိထားမိခဲ့ပါတယ်လို့ အစိုးရရှေ့နေ တာရာရီလေးက ပြောကြားထားပါတယ်။ အရာရှိရဲ့ ကနဦးပြောချက်မှာ လင်ဂတ်ရဲ့ကားဟာ စွမ်းဆောင်ရည်မြင့်ကားနောက်တစ်စီးနှင့် ပြိုင်နေခြင်းဖြစ်ပါတယ်။
 
"သူတို့ပြိုင်နေတယ်ဆိုတာ ရာနှုန်းပြည့်မသေချာပေမယ့် အရှိန်နဲ့တော့ မောင်းနေကြပါတယ်" လို့ သူမက ပြောပါတယ်။ အရာရှိက လမ်းဘေးမှာ လင်ဂတ်နဲ့ စကားပြောခဲ့ပြီး သူ့အပြုအမူကြောင့် အရက်မူးယစ်တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
 
အသက်ရှုနှုန်းစမ်းသပ်ရာ အသက်ရှုမှု ၁၀၀ မီလီလီတာတွင် အရက် ၇၆ မိုက်ခရိုဂရမ်ကို တွေ့ရှိခဲ့ရပြီး တရားဝင်ကန့်သတ်ချက်က အသက်ရှုမှု ၁၀၀ မီလီလီတာလျှင် ၃၅ မိုက်ခရိုဂရမ်သာဖြစ်ပါတယ်။ သူ့ရဲ့အပြုမူက ထိန်းချုပ်လို့မရတဲ့အနေအထားမှာ ဖြစ်ပါတယ်လို့ လင်ဂတ်ရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဖရန့်ခ်ရော်ဂျာက ပြောပါတယ်။
 
လင်ဂတ်ဟာ အစပိုင်းတွင် သူငယ်ချင်းများနှင့် စားသောက်ခဲ့ပြီး အချိုရည်များသာ သောက်ခဲ့ကြောင်း ရော်ဂျာက ပြောကြားခဲ့ပါတယ်။ သူကအိမ်ပြန်ဖို့ ရည်ရွယ်ထားပေမယ့် ဘောလုံးသမားသူငယ်ချင်းဆီက ဖုန်းခေါ်ဆိုမှုရရှိခဲ့ပြီး သူနဲ့အတူ အနည်းငယ်လောက်သောက်ဖို့ မန်ချက်စတာသို့ မောင်းသွားခဲ့ပါတယ်။
 
သူ့အိမ်သို့ ပြန်ရန် အချိန်အလုံအလောက်ရှိခဲ့တယ်လို့ လင်ဂတ်က ယုံကြည်ခဲ့ပြီး အဆိုပါအချက်ကို အလိုလို ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်တယ်လို့ ရော်ဂျာက ရည်ညွှန်းခဲ့ပါတယ်။ အဆိုပါအခြေအနေမှာ လင်ဂတ်ရဲ့ကားကို မောင်းနှင်လေ့ရှိတဲ့ ကိုယ်ရေးကိုယ်တာလက်ထောက်တစ်ဦးက မရှိခဲ့ကြောင်း သူက ပြောထားပါတယ်။
 
လင်ဂတ်က ပြိုင်ဆိုင်ပြီး မောင်းနှင်ခဲ့တာ မဟုတ်ကြောင်း ရော်ဂျာက ငြင်းဆိုခဲ့ပြီး အဲ့ဒီအချိန်တုန်းက မီးပွိုင်မှာ စွမ်းဆောင်ရည်မြင့်ကား နှစ်စီးရှိနေခဲ့ခြင်းသာဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်အတွက် နောင်တရကြောင်း လင်ဂတ်က ပြသခဲ့ပြီး သူ့အပေါ် မည်မျှ လေးလေးနက်နက် သက်ရောက်မှုရှိသည်ကို ထင်ရှားစေတယ်လို့ သူကပြောကြားခဲ့ပါတယ်။
 
သူ့ရဲ့ကစားသမားဟာ အသက်မွေးဝမ်းကျောင်းမှုနှင့် မိသားစုအတွက် အနာဂတ်မှာ ကြီးမားတဲ့ ဘဏ္ဍာရေးကတိကဝတ်များကို ပေးရမှာဖြစ်ပြီး အကျိုးသက်ရောက်မှု ရှိလာမှာဖြစ်ကြောင်း ရော်ဂျာက ပြောကြားခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေတဲ့ လင်ဂတ်ဟာ ဝက်စ်ဟမ်းနှင့် စာချုပ်ချုပ်ဆိုရန် စဉ်းစားနေပြီး အခြားကမ်းလှမ်းမှုများလည်း ရှိနေပါတယ်လို့ ရော်ဂျာက ပြောကြားထားပါတယ်။
 
လင်ဂတ်အနေနဲ့ လက်ရှိရရှိငွေက ဘယ်လောက်ရှိသလဲဆိုတာကို ရော်ဂျာက တစ်လကို ပေါင် ၂၄၉၀၀၀ ဒါမှမဟုတ် တစ်ပတ်ပေါင် ၅၇၀၀၀ ရရှိတယ်လို့ တရားရုံးသို့ ပြောထားကြောင်း ခရိုင်တရားသူကြီးက ပြောပါတယ်။ အခြားသူများကို အပြစ်ပေးအရေးယူသလိုပဲ တစ်ပတ်စာ ဝင်ငွေအား ဒဏ်ကြေးအဖြစ် ပေးဆောင်ရမယ်လို့ တရားရုံးမှာ တရားသူကြီးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင့် နောက်ထပ်အပိုအဖြစ် ပေါင် ၂၀၀၀ ပေးရမှာဖြစ်တာကြောင့် စုစုပေါင်း ပေါင် ၅၉၀၀၀ ဒဏ်ကြေးဆောင်ရမှာဖြစ်ပြီး ကားမောင်းနှင်ခွင့် ၁၈ လ ပိတ်ပင်ခြင်းပါ ခံခဲ့ရပါတယ်။
 
"ကျွန်တော့်ရဲ့အမှားကို သိရှိပြီး လက်မခံနိုင်တဲ့ လုပ်ရပ်တွေအတွက် အားလုံးကို တောင်းပန်ချင်ပါတယ်။အခြားသူတွေရဲ့ အသက်အန္တရာယ်ရှိတဲ့ ကျွန်တော့်အမှားရဲ့ အကျိုးဆက်တွေကို နားလည်ပြီး လက်ခံပါတယ်" "ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်လုံး အားပေးထောက်ခံခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို တောင်းပန်ပါတယ်။ တရားရုံးရဲ့ ပြစ်ဒဏ်နဲ့ ငွေဒဏ်ကို ကျွန်တော် လက်ခံပါတယ်" လို့ လင်ဂတ်က ပြောပါတယ်။
 
နောက်ထပ် နှစ်လမပြည့်မီ အချိန်မှာ လင်ဂတ်က တရားသူကြီးများရဲ့ရှေ့ ဒုတိယအကြိမ် ရောက်ရှိအုံးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ကားကို အရှိန်မြှင့်မောင်းခဲ့ပြီး ယာဉ်မောင်းရဲ့ နာမည်ကို ပြောဆိုခြင်းမပြုခဲ့တာကြောင့် တရားစွဲဆိုခြင်းခံထားရတာလည်းဖြစ်ပါတယ်။
 
ကွင်းလယ်ကစားသမားရဲ့ Range Rover ကားဟာ ပြီးခဲ့သည့်နှစ်က အိုးထရက်ဖို့ဒ်ရှိ A56 လမ်းတွင် အမြန်မောင်းနှင်ခဲ့ကြောင်း တွေ့ခဲ့ရကာ အဆိုပါယာဉ်မောင်းရဲ့ နာမည်ကို လင်ဂတ်က ရဲတပ်ဖွဲ့သို့ ပြောကြားခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
 
သူဟာ ပေါင် ၉၀၀ ဒဏ်ရိုက်ခံရပြီး နောက်ထပ် ပေါင် ၅၆၀ လည်း ပေးဆောင်ခဲ့ရကာ ယာဉ်မောင်းနှင်ခွင့် ၆ လ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။