The network connection is lost.

Banner Image

ချဲလ်ဆီးယာယီနည်းပြဘဝက ကလေးထိန်းနဲ့တူခဲ့ကြောင်း လမ်းပတ် ထုတ်ဖော်ပြောကြား

ကိုဗင်ထရီနည်းပြသစ် လမ်းပတ်က ချဲလ်ဆီးအသင်းယာယီနည်းပြဘဝဟာ ကလေးထိန်းနဲ့တူခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အင်္ဂလန်စတားဟောင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံရှစ်ကို တကျော့ပြန်လာခဲ့ပြီဖြစ်ပါတယ်။ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့တာဖြစ်ပြီး ၁၁ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူ့မှာ ပိုင်ရှင်အသစ်အပြင် ကစားသမားတွေကလည်း လူငယ်ကစားသမားတွေသာ များပြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ချဲလ်ဆီးကိုပြန်ပြောင်းတော့ အဲ့အလုပ်က ကလေးထိန်းနဲ့တူနေပါတယ်။ ၇ ပတ်ကျော်ကာလအတွင်းမှာ ကျွန်တော်အများကြီးသင်ယူခဲ့ရပါတယ်။
နည်းပြအလုပ်တင်မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ အဲ့တာက ကလေးထိန်းအလုပ်နဲ့တူနေပါတယ်။ အကူးအပြောင်းကာလကိုလည်း ဖြတ်သန်းနေရတာပါ။

မှန်ကန်တဲ့ပတ်ဝန်းကျင်မျိုးမဟုတ်ဘူးဆိုရင် အောင်မြင်နိုင်ဖို့ ခက်ခဲပါတယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။
လမ်းပတ်ဟာ ၂၀၁၉ ကနေ ၂၀၂၁ အထိ ချဲလ်ဆီးမှာ တာဝန်ယူခဲ့တာဖြစ်ပြီး လူငယ်ကစားသမားအများအပြားကို အခွင့်အရေးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အဲ့နောက် အဲဗာတန်ကို ၂၀၂၁ - ၂၂ ရာသီတုန်းက တန်းဆင်းဇုန်ကနေ ကယ်တင်ပေးနိုင်ခဲ့ကာ ၁ နှစ်အကြာမှာ အထုတ်ခံခဲ့ရပါတယ်။လက်ရှိမှာလည်း ကိုဗင်ထရီအသင်းကို အဆင့် ၁၇ နေရာကနေ ကယ်တင်ရမှာဖြစ်ပြီး ခက်ခဲဖွယ်ရှိနေပါတယ်။ “ကျွန်တော်က မောင်းနှင်နိုင်တဲ့သူပါ။

လူတွေမှားကြောင်း သက်သေပြရတာကို ကြိုက်ပါတယ်။ ကစားသမားဘဝမှာလည်း အဲ့လိုလုပ်နိုင်ခဲ့ပါတယ်။
နည်းပြတစ်ဦးအနေနဲ့လည်း အဲ့လိုလုပ်နိုင်ဖို့ကြိုးစားသွားမှာပါ။ ကျွန်တော် ဒါမှမဟုတ် ဂွါဒီယိုဖြစ်ရင်တောင် ပြဿနာမရှိပါဘူး။ နည်းပြအလုပ်နဲ့ရှင်သန်ချင်တယ်ဆိုရင် သန်မာအောင်လုပ်ရပါမယ်။အဲ့လိုမှမဟုတ်ရင် ခင်ဗျားအနေနဲ့ လက်မှတ်မထိုးသင့်ပါဘူး”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။