The network connection is lost.

Banner Image

အေစီမီလန်အားကစားဒါရိုက်တာ ဇလာတန် အီဘရာဟီမိုဗစ်နှင့် နေ့စဉ်လုပ်ကိုင်ရသည့် အခြေအနေများကို ပြောကြားလိုက်တဲ့ ပူလီဆစ်

Sports Illustrated နှင့် အင်တာဗျူးတွင် အီဘရာဟီမိုဗစ်ရဲ့ လက်တွေ့လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ရှင်းပြခဲ့သလို ကစားသမားတွေနဲ့အတူ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ရန် အာရုံစိုက်မှုများ ပြုလုပ်ပေးနေကြောင်း ပူလီဆစ်က ပြောကြားခဲ့ပါတယ်။

ပူလီဆစ်ဟာ ၂၀၂၃ ခုနှစ် နွေရာသီတွင် ချဲလ်ဆီးမှ မီလန်သို့ ပြောင်းရွှေ့လာခဲ့ပြီး အီဘရာဟီမိုဗစ်ရဲ့ ကျောနံပတ် နံပါတ် ၁၁ ဝတ်ဆင်ကစားခဲ့ကာ လန်ဒန်ကလပ်မှာ ခြေစွမ်းကျဆင်းခဲ့တဲ့ ကာလပြီးနောက် မီလန်တွင် သူ့ရဲ့ ကစားသမားဘဝက ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ ပထမဆုံးရာသီပြီးနောက် အမေရိကန်တိုက်စစ်မှူးဟာ ၂၀၂၄-၂၅ ရာသီတွင် ၃၁ ပွဲကစားပြီး ၂၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ၂၀၂၃ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် မကြာမီတွင် မီလန်သို့ အကြီးတန်းအကြံပေးအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပြီး ယခုအခါတွင် တာဝန်များစွာကို ထမ်းဆောင်နေတာဖြစ်ပါတယ်။

"ကျွန်တော်တို့ကြားက ဆက်ဆံရေးဟာ အစကတည်းက ကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ပူလီဆစ်က အီဘရာဟီမိုဗစ်နှင့် ဆက်ဆံရေးအကြောင်း ပြောကြားခဲ့ပါတယ်။ "သူက ကျွန်တော့်ကို ကလပ်ကနေ ဘာတွေမျှော်လင့်ထားတယ်ဆိုတာ တိုက်ရိုက်ပြောပြခဲ့ပါတယ်။ သူ့အကြောင်းကို သိလာတဲ့အခါမှာ သူဟာ တိုက်ရိုက်ပြောတတ်တဲ့သူပါ။ သူပြောနေတဲ့အရာ သူတွေးနေတဲ့အရာကို တိုက်ရိုက်ပြောပြမှာပါ။ ဒါဟာ ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ကလပ်မှာ အခက်အခဲတွေကြုံတဲ့အချိန်တွေမှာလည်း သူက ကျွန်တော့်ကို ဆက်သွယ်ခဲ့ပါတယ်။ သူဟာ ကစားသမားတွေကို အများကြီးဂရုစိုက်တဲ့သူဖြစ်ပါတယ်"

"သူက ဘာတွေတွေးထားသလဲလို့ မေးပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့ကစားသမားတွေကို လေ့ကျင့်ခန်းကိုသာ အာရုံစိုက်ပြီး ကွင်းအတွင်း ဘာတွေဖြစ်နေလဲဆိုတာကို အာရုံစိုက်စေချင်တာပါ။ ကွင်းပြင်ပမှာ အရာအားလုံးကောင်းနေရင် ကွင်းအတွင်းမှာလည်း အရာအားလုံးကောင်းမှာပါလို့ သူက သေချာပြောပြပါတယ်" လို့ ပူလီဆစ်က ပြောပါတယ်။

မီလန်ဟာ လာမယ့်သတ္တပတ်များအတွင်း အရေးကြီးသောရက်များကို ရင်ဆိုင်ရမှာဖြစ်ပြီး ပူလီဆစ်ကလည်း သူရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသရန် လိုအပ်နေပါတယ်။ စီးရီးအေပွဲစဉ်အဖြစ် စနေနေ့တွင် ဗီရိုနာနှင့် ဆန်ဆီရိုတွင် ကစားရမှာဖြစ်ပြီး ရိုဆိုနာရီတို့က အဆင့် ၈ နေရာတွင် ရှိနေကာ ထိပ်ဆုံး လေးသင်းအတွင်း ဝင်ရောက်ဖို့ ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ သူတို့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကလည်း လာမယ့်ရက်များတွင် အရေးပါလာမှာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဖီယင်နုနှင့် နှင့် ပထမအကျော့တွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိအကျော့ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။