အသက် ၁၇ နှစ်အရွယ် အီဘရာဟီမိုဗစ်ရဲ့ လာလီဂါစံချိန်မှတ်တမ်းကောင်းကို လိုက်မီသွားတဲ့ အူဘာမီယန်း
အူဘာမီယန်းက ၂၀၀၉ ခုနှစ်အတွင်း ဇလာတန်အီဘရာဟီမိုဗစ် စွမ်းဆောင်ပြခဲ့တဲ့ အံ့ဖွယ်လာလီဂါစံချိန်မှတ်တမ်းကောင်းတစ်ခုကို လိုက်မီသွားခဲ့ပါပြီ။
အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးက ဂီတာဖေးနဲ့ ဒီပို့တီဗိုတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါက သူ့အတွက် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ လာလီဂါအဖွင့်ပွဲစဉ်ငါးပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကောင်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒါကြောင့် ဂါဘွန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းက လာလီဂါသမိုင်းတစ်လျှောက် ရာသီအစအဖွင့်ပွဲစဉ်ငါးပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ၁၁ ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
အိုဘာမီယန်းရဲ့ဂိုးမိုးရွာနေမှုက အယ်လ်ချီနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ စတင်ခဲ့ပြီး မာလာဂါ၊ ဗလန်စီယာနဲ့ ဗီလာရီးရဲလ်တို့နဲ့ ထိပ်တိုက်တွေ့ဆုံချိန်မှာလည်း ဆက်တိုက်ဆိုသလို ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဘာစီလိုနာကြယ်ပွင့်ဟောင်းက အခုဘောလုံးရာသီမှာ ငါးဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပြီး နည်းပြအန်တိုနီယိုဟီဒါဂိုရဲ့ တန်းတက်အသင်းကို အခုရာသီလိဂ်ရှုံးပွဲမရှိစံချိန် ရရှိအောင် ကူညီပေးထားပါတယ်။