ဘာပေ အပြောင်းအရွှေ့အခြေအနေကို ပြောကြားလိုက်တဲ့ ချူအာမီနီ
ရီးရဲလ်ကွင်းလယ်လူ ချူအာမီနီက ဘာပေရဲ့အပြောင်းအရွှေ့ဟာ ရုပ်ရှင်ကားတစ်ကားလိုပဲလို့ ပြောကြားလိုက်ပြီး ဘာပေရဲ့အနာဂတ်အခြေအနေကို သူမသိဘူးလို့ ပြောကြားလိုက်ပါတယ်။ ဘာပေအပြောင်းအရွှေ့ဟာ အဆုံးသတ်ပိုင်းနီးစပ်နေပြီး ပီအက်စ်ဂျီဥက္ကဌက ကလိုင်ဖီကိုယ်တိုင်က ပြင်သစ်သားဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုထားခဲ့ပါတယ်။
ဘာပေကို ရီးရဲလ်အသင်းက ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေပြီး လာလီဂါဥက္ကဌ တီဘက်စ်ကလည်း ဘာပေဟာ ဘာနေဗျူးကိုလာဖို့ ၉၉% သေချာတယ်လို့ ပြောကြားခဲ့ပါတယ်။ အပြောင်းအရွှေ့အတွက် ဝန်ခံခဲ့ပေမယ့်လည်း ချူအာမီနီက နိုင်ငံအသင်းဖော် ဘာပေတစ်ယောက် ရီးရဲလ်အသင်း ပြောင်းလာမှာကို မသိသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော်သူထွက်ခွာတာကို မြင်ချိန်တုန်းက ကျွန်တော်အိပ်မောကျနေတာပါ။ ကျွန်တော် နိုးလာတော့ သူက တွစ်တာမှာ တင်ထားတာတွေကို တွေ့ခဲ့ရပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အဲ့တာက ရုပ်ရှင်ကားတစ်ကားလိုပါပဲ။ မက်ဒရစ်အသင်းဖော်ဖြစ်လာခဲ့ရင် ကျွန်တော်ပြောပါမယ်။ အခုနီးစပ်နေပြီလားဆိုတာတော့ ကျွန်တော်မသိပါဘူး။ ပီရက်ဇ်ကိုမေးချင်တယ်ဆိုရင် ကျွန်တော် မေးပေးနိုင်ပါတယ်။ အခုချိန်မှာတော့ ဘာသတင်းမှမရှိသေးပါဘူး”လို့ ချူအာမီနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။