
ဆလားဗီးယားပရာ့ဂ်ကို အနိုင်ရရှိခဲ့တဲ့ပုံစံကြောင့် ကျေနပ်နေတဲ့ အင်တာမီလန်နည်းပြ ချီဗူ
အင်တာမီလန်နည်းပြ ခရစ္စတီယန် ချီဗူဟာ စလားဗီးယား ပရာ့ဂ်ကို ချန်ပီယံလိဂ်မှာ အနိုင်ရခဲ့တဲ့ ပုံစံကြောင့် ကျေနပ်အားရနေပါတယ်။ လော်တာရို မာတီနက်ဇ် သွင်းဂိုး နှစ်ဂိုး နဲ့ ဒန်ဇယ် ဒမ်ဖရိုင်းစ်တို့ရဲ့ ဂိုးတွေနဲ့ အင်တာမီလန်ဟာ ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပွဲအပြီးမှာ နည်းပြ ချီဗူက “ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်က ဘာကို ကိုယ်စားပြုတယ်ဆိုတာ နားလည်တဲ့ အသင်းပါ။ ကျွန်တော်တို့မှာ ရင့်ကျက်မှုနဲ့ အတွေ့အကြုံရှိတယ်။ ဒါဟာ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒီနေ့ အင်တာက ဒီပွဲကို အဲဒီလိုပဲ သဘောထားပြီး အနိုင်ရအောင် လုပ်ပြခဲ့ပါတယ်”
“ကျွန်တော် တွေ့ရှိခဲ့တဲ့ ဟန်ချက်ညီမှုအတွက် ပျော်ရွှင်မိပါတယ်၊ ဒါပေမယ့် တိုးတက်ဖို့ နေရာတွေ အမြဲရှိနေပါတယ်။ ကောင်လေးတွေဟာ နောက်ထပ် ကြီးကျယ်တဲ့ ရာသီတစ်ခု ရှိဖို့အတွက် အမြဲတမ်း အသင့်ရှိနေကြပါတယ်။ ဒါဟာ စက်တင်ဘာလပဲ ရှိပါသေးတယ်။ အခုချိန်မှာ စီရင်ဆုံးဖြတ်ဖို့ စောပါသေးတယ်။ သူတို့ အလုပ်လုပ်ပုံ၊ သူတို့ရဲ့ စိတ်ဓာတ်ကို မြင်ရတဲ့အတွက် ကျွန်တော် ကျေနပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
နည်းပြ ချီဗူက “အခုချိန်မှာတော့ ကျွန်တော်တို့ ခရီမိုနီးစ်နဲ့ပွဲကို အာရုံစိုက်နေပါတယ်။ အဲဒီပွဲက အရေးကြီးပါတယ်။ အဲဒီနောက်မှာမှ နိုင်ငံတကာပွဲတွေနားမှာပေါ့” “ကျွန်တော်တို့မှာ ကတိကဝတ်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အရေးကြီးဆုံးပွဲဖြစ်တဲ့ ခရီမိုနီးစ်နဲ့ပွဲကိုပဲ အာရုံစိုက်နေပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။