The network connection is lost.

Banner Image

၀က်စ်ဟမ်းနဲ့ပွဲမှာ ချီယေဆာမပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်တဲ့ စလော့တ်

လီဗာပူးအသင်းနည်းပြ စလော့တ်က ဝက်စ်ဟမ်းနဲ့ပွဲမှာ ချီယေဆာတစ်ယောက် လူစာရင်းကနေ ချန်လှပ်ခဲ့တာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်ပါတယ်။ အသက် ၂၇ နှစ်သားဟာ ဒဏ်ရာပြဿနာတွေအပြင် ဖျားနာမှုပါ ခံစားနေရတာဖြစ်ပြီး လီဗာပူးအတွက် ပါဝင်ကစားပေးဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ချန်လှပ်ခံခဲ့ရတာက ချီယေဆာတစ်ယောက် အခုရာသီ ၁၆ ပွဲမြောက် လွဲချော်တာဖြစ်လာခဲ့ပြီး ဂျူဗင်တပ်စ်ကနေ ပြောင်းလာပြီးနောက် ၂ ပွဲလွဲချော်မှုလည်း ပါဝင်နေတာဖြစ်ပါတယ်။ ချီယေဆာဟာ လက်စတာကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ဘောက်ဆင်ဒေးပွဲမှာ ပါဝင်လာနိုင်ဖို့ ထင်မြင်ခဲ့ကြပေမယ့် မပါဝင်လာခဲ့ပဲ သူ့အစားလူငယ်ကစားသမား ဂျေဒန်ပဲပါဝင်လာခဲ့ပါတယ်။

ဝက်စ်ဟမ်းကိုအနိုင်ရပြီးနောက် စလော့တ်က ချီယေဆာမပါဝင်လာမှုကို ရှင်းပြခဲ့သလို သူ့အခြေအနေကို အသင်းဘက်က သေချာလေးဂရုစိုက်ချဉ်းကပ်နေရတယ်လို့ ရှင်းပြခဲ့ပါတယ်။ “ဖရက်ဒရီကိုအခြေအနေကို ကျွန်တော် အကြိမ်များစွားပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အရာ ၂ ခုလုပ်ဆောင်နေပါတယ်။ သူ့ရဲ့ပွဲကြံ့ခိုင်မှုကိုလုပ်ဆောင်နေပြီး အရန်ခုံမှာ ခေါ်ယူလာနိုင်အောင် လုပ်ဆောင်နေပါတယ်။

ဒါပေမယ့် သူအရန်ခုံမှာထိုင်နေတာထက် လေ့ကျင့်ခန်းပိုဆင်းပြီး တည်ငြိမ်မှုရအောင် လုပ်တာက ပိုကောင်းပါတယ်။ အဲ့တာကြောင့်လည်း မပါဝင်နိုင်တာတွေရှိနေတာပါ”လို့ စလော့တ်က ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်ဇန်နဝါရီ ၅ ရက်နေ့မှာ နောက်ထပ်စိန်ခေါ်မှုအဖြစ် အန်ဖီးလ်မှာ ယူနိုက်တက်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အသင်းဘက်ကတော့ ချီယေဆာအနေအထားကို အာရုံစိုက်နေပေမယ့် အခြေအနေတွေက မထူးခြားသေးတာဖြစ်ပါတယ်။