The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းက ဖြစ်ရပ်နဲ့ပက်သက်ပြီး ဟာမိုဆိုဘက်မှ ရပ်တည်တယ်ဆိုတဲ့ စပိန်အမျိုးသမီး အသင်းနည်းပြ မွန်ဇာရက်တွမ်မီ

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်တွင် နာမည်ကျော် အင်္ဂလန်အသင်းကို ၁ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ကစားကာ ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်အသင်း အောင်ပွဲခံနေစဉ် ဥက္ကဌ ရူဘီယာလက်စ်ရဲ့ လုပ်ရပ်နဲ့အတူ တွဲဖက်နာမည်ထွက်လာတဲ့ နည်းပြ ဗီလ်ဒါကို ထုတ်ပယ်လိုက်အပြီးမှာ နည်းပြအဖြစ် ခန့်အပ်ထားတဲ့ စပိန်အမျိုးသမီးအသင်းနည်းပြ မွန်ဇာရက်က ဟာမိုဆိုရဲ့ဘက်မှ ရည်တည်ကြောင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
 
စပိန်ဘောလုံးလောကအတွင်း အောင်မြင်မှုများစွာနဲ့ သရဖူဆောင်းနိုင်ခဲ့တဲ့ နည်းပြ ဗီလ်ဒါကို အကာအကွယ်ပေးခဲ့တဲ့ ဥက္ကရူဘီယာလက်စ်ကိုယ်တိုင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ ဘောလုံးလောကမှ ရက် ၉၀ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခံထားခဲ့ရတာကြောင့် အခက်အတွေ့ခဲ့ရပြီး ယာယီဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ရိုချာက နည်းပြ ဗီလ်ဒါကို လက်ရွေးစင်နည်းပြဘဝကနေ ထုတ်ပယ်လိုက်တာလည်း ဖြစ်ပါတယ်။
 
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့အပြီးမှာ အဆိုပါ ဖြစ်ရပ်ကြောင့် ကာယကံရှင် ဟာမိုဆိုအပါနဲ့အတူ အဲလက်ဇီယာ၊ မာပီလီယွန် အပါအဝင် စုစုပေါင်း လက်ရွေးစင် ကစားသမား ၃၉ခန့်က နည်းပြ ဂျော့ဗီလ်ဒါနဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရူဘီယာလက်စ်တို့ နှုတ်ထွက်မှသာ လက်ရွေးစင်အသင်းနဲ့အတူ ပူးပေါင်းမယ့် အကြောင့် ကန့်ကွက်စာထုတ် ဆန္ဒပြနေခဲ့တာ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ဆန္ဒနဲ့အတူ နည်းပြ ဗီလ်ဒါအား စပိန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပယ်လိုက်သလို ဥက္ကဌဖြစ်သူ ရူဘီယာလက်စ်ကလည်း ဝေဖန်မှုတွေအကြားမှ နှုတ်ထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။
 
စပိန်ဘောလုံးအသိုက်အဝန်းကို ရိုက်ခက်စေခဲ့တဲ့ အဆိုပါ ဖြစ်ရပ်နဲ့ ပက်သက်ပြီး စပိန်မျိုးသမီးလက်ရွေးစင်အသင်းရဲ့ နည်းပြ ဖြစ်လာတဲ့ မွန်ဇာရက်တွမ်မီက “ကစားသမားအားလုံးနဲ့အတူ အရာရာတိုင်းအတွက် ဟာမိုဆိုဘက်မှ ရပ်တည်သွားမှာပါ။ ကစားသမားတွေနဲ့ နီးနီးကပ်ကပ်နေပြီး သူတို့ရဲ့ စကားသံတွေကို တရင်းတနှီး နားထောင်ခံစားပေးတာက စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် အကူအညီဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ အမျိုးသမီးအသင်းနည်းပြအဖြစ် ခံ့အပ်ခံထားရတာကြောင့် နည်းပြအဖွဲ့တစ်ခုလုံးက ကစားသမားတွေရဲ့အပေါ်မှာ တာဝန်ယူမှုပြုလုပ်ပေးကြရမှာပါ။ ဂျန်နီဟာမိုဆိုလို ကစားသမားမျိုးရှိထားတာ သိပ်ကောင်းပြီး သူနဲ့လည်း ၅နှစ်ကြာလောက် အလုပ်လုပ်ခဲ့ဖူးပါတယ်” “ကစားသမားတွေရဲ့ အရည်အသွေးပိုင်းကလည်း ကောင်းမွန်တာကြောင့် သူတို့အပေါ်မှာ ယုံကြည်မှု အပြည့်ရှိပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။