The network connection is lost.

Banner Image

အန်ကွန်ကူကိုရောင်းချပြီးမှသာ ဂါနာချိုကို ဝယ်ယူနိုင်မယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် အသင်းရဲ့တိုက်စစ်မှူး ခရစ္စတိုဖာအန်ကွန်ကူကိုရောင်းချနိုင်ခြင်းမရှိတာကြောင့် ဂါနာချိုရဲ့အပြောင်းအရွှေ့ဟာ ကြ့န်ကြာနေတယ်လို့သိရပါတယ်။ 

ချဲလ်ဆီးအနေနဲ့ အန်ကွန်ကူကို ယခုနွေရာသီအတွင်း အပြီးသတ်ရောင်းချဖို့သာ ဆုံးဖြတ်ထားတာကြောင့် ဘိုင်ယန်မြူးနစ်က ကမ်းလှမ်းလာခဲ့တဲ့ အငှားစာချုပ်ကိုလည်း ငြင်းပယ်ထားတာဖြစ်ပါတယ်။ သတင်းတွေအရ အန်ဇိုမာရက်စ်ကာရဲ့အသင်းဟာ အန်ကွန်ကူကို ပေါင်သန်း ၅၀ နဲ့ရောင်းချဖို့ ဈေးနှုန်းသတ်မှတ်ထားတယ်လို့သိရပါတယ်။

တကယ်လို့ချဲလ်ဆီးအနေနဲ့ ယခုနွေရာသီအတွင်း ပြင်သစ်လက်ရွေးစင်ကို ရောင်းချနိုင်ခြင်းမရှိပါက ဂါနာချိုကိုလည်း ယူနိုက်တက်ထံမှဝယ်ယူနိုင်ချေမရှိပါဘူး။ ယူနိုက်တက်က အသင်းရဲ့အကယ်ဒမီထွက်ကစားသမားကို ပေါင်သန်း ၅၀ အထိတန်ကြေးသတ်မှတ်ထားသလို၊ အာဂျင်တီးနားသားအနေနဲ့လည်း ချဲလ်ဆီးကလွဲပြီး အခြားအသင်းသို့ပြောင်းရွှေ့လိုခြင်းမရှိကြောင်း ဖော်ပြထားပါတယ်။ 

အန်ကွန်ကူဟာ စတန်းဖို့ဒ်ဘရစ်ချ်သို့ ၂၀၂၃ ခုနှစ် နွေရာသီမှာ စတင်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပွဲဦးထွက်ရာသီမှာပဲ ဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးအတွက် စုစုပေါင်း ၆၂ ပွဲကစားပြီး ၁၈ ဂိုးသာသွင်းယူပေးထားနိုင်တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်က လာမယ့်စက်တင်ဘာလ ၁ ရက်နေ့မှပိတ်သိမ်းမှာဖြစ်လို့ ချဲလ်ဆီးအနေနဲ့ တတ်နိုင်သလောက် အန်ကွန်ကူကို လျင်လျင်မြန်မြန်ရောင်းချပြီး ဂါနာချိုရဲ့အပြောင်းအရွှေ့အတွက် ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

လာမယ့်စနေနေ့မှာတော့ ချဲလ်ဆီးဟာ ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီရာသီ ပထမဆုံးနိုင်ပွဲကို စတင်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။