The network connection is lost.

Banner Image

တီကိုတိုက်စစ်မှူးအစား အခြားပစ်မှတ် ၂ ဦးကိုပြောင်းလဲအာရုံစိုက်လာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ တီကိုတိုက်စစ်မှူး အိုမိုရိုဒီအွန်ကို ခေါ်ယူရေး လက်လျှော့လိုက်ပြီဖြစ်ကာ အခြားပစ်မှတ်တွေကို အာရုံစိုက်လာတယ်လို့ သိရပါတယ်။

အိုမိုရိုဒီအွန်ဟာ ချဲလ်ဆီးအသင်းရဲ့နွေရာသီအဓိကပစ်မှတ်ဖြစ်ခဲ့ပြီး ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဂျက်ဆင်ကိုခေါ်ယူထားခဲ့ပေမယ့်လည်း နည်းပြသစ် မာရက်စ်ကာက နောက်ထပ်တိုက်စစ်မှူးတစ်ဦးခေါ်ယူချင်နေဆဲဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လိုက်ပ်ဇစ်စတား ဆက်စ်ကိုကို ခေါ်ယူဖို့ အသည်းအသန်စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက ဂျာမန်မြေမှာပဲ ဆက်နေခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ဒူရန် ၊ ဂရိုကီရက်စ် နဲ့ အိုဆီမင်တို့ကိုလည်း ချိတ်ဆက်နေကာ ပြီးခဲ့တဲ့အပတ်တုန်းက တီကိုစတားကို ပေါင် ၄၂ သန်းနဲ့ ကမ်းလှမ်းခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တီကိုဘက်က အဆိုပါကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ချဲလ်ဆီးဘက်က လုံလောက်ပြီလို့ယူဆကာ ပစ်မှတ်ပြောင်းလဲဖို့ လုပ်ဆောင်လာပါတယ်။

တီကိုဘက်က သူတို့စတားကို ရောင်းချဖို့အစီအစဉ်မရှိတာကြောင့် ချဲလ်ဆီးက အခြားကစားသမားတွေကိုသာ ခေါ်ယူရဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးအနေနဲ့ စပိန်ယူ - ၂၁ ကစားသမားကို လိုချင်တယ်ဆိုရင် ပေါင် ၆၇ သန်းပေးချေရနိုင်တာဖြစ်ပါတယ်။ ချဲလ်ဆီးကတော့ အခုချိန်မှာ အဆိုပါတီကိုစတားအစား လိုင်လီစတား ဂျိုနသန်ဒေးဗစ် နဲ့ ဒေါ့မွန်စတား အဒီယီမီတို့ကို ပစ်မှတ်ထားလာပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာတုန်းက အိုမိုရိုဒီအွန်ဟာ အလာဗက်စ်အသင်းမှာ အငှားထွက်စားခဲ့ပြီး ဆီမြွန်နီက အသင်းရဲ့အနာဂတ်မှာအရေးပါလာနိုင်တဲ့သူအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

“သူ(အိုမို) အလာဗက်စ်မှာ တိုးတက်လာတာကို မြင်နိုင်ပါတယ်။ သူက ငယ်ရွယ်ပြီး သန်မာတဲ့သူတစ်ဦးဖြစ်သလို နေရာလွတ်တွေလည်း အများကြီးရှာနိုင်ပါတယ်။ သူ့ကိုယ်ခန္ဓာက ဧရိယာထဲမှာကစားတာ ကောင်းပါတယ်။ အလာဗက်စ်မှာ သူကောင်းကောင်းလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူက တီကိုရဲ့အနာဂတ်ဖြစ်တာကြောင့်ပါ။  သူကျွန်တော်တို့နဲ့အတူ ရက်အနည်းငယ်အချိန်ကုန်ဆုံးခဲ့ပါတယ်။ သူက မာကျောသလို အလုပ်လည်းကြိုးစားပပါတယ်။ သူက အရေးပါတဲ့သူဖြစ်လာနိုင်ပါတယ်”လို့ ဆီမြွန်နီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။