The network connection is lost.

Banner Image

လက်စတာစတား ဟောကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ လက်စတားစတား ကီယာနန်ဟောကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပြီး ကစားသမားက ချဲလ်ဆီးနဲ့ဆေးစစ်ဖို့ လာနေပြီလို့ သိရပါတယ်။ချဲလ်ဆီးနည်းပြသစ် မာရက်စ်ကာကလည်း တပည့်ဟောင်းဖြစ်သူကို ပြန်လည်ခေါ်ယူချင်ခဲ့တာဖြစ်ပြီး အခုတော့ ဆရာတပည့် ၂ ယောက် ပြန်လည်ဆုံဆည်းကြတော့မှာဖြစ်ပါတယ်။

ဟောကတော့ အဒါဘိုင်ယို ၊ ကယ်လီမန်း ၊ ဝီလီယံတို့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ ၄ ယောက်မြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။အသက် ၂၅ နှစ်သားဟာ လက်စတာအတွက် ပွဲပေါင်း ၁၀၀ ကျော်ပါဝင်ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ခြေစွမ်းကောင်းတစ်ရပ်ပြသနိုင်ခဲ့ပါတယ်။ဒါ့အပြင် လက်စတာအသင်းရဲ့တစ်ရာသီအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ကာ ပြီးခဲ့တဲ့ရာသီတုန်းက လက်စတာအတွက် ၁၂ ဂိုးသွင်း ၊ ၁၄ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

လက်စတာဟာ ဘရိုက်တန်အသင်းထံကနေ ပေါင်သန်း ၃၀ တန်ကမ်းလှမ်းမှုရရှိခဲ့ပေမယ့် ဟောဘက်က ချဲလ်ဆီးကိုသာပြောင်းရွှေ့ချင်ခဲ့တာကြောင့် လန်ဒန်ကလပ်က အလေးသားခဲ့တာဖြစ်ပါတယ်။ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပိုချက်တီနိုလက်အောက်မှာ အဆင့် ၆ နေရာနဲ့ရာသီသိမ်းနိုင်ခဲ့ပေမယ့် ဥရောပဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။