The network connection is lost.

Banner Image

ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်တဲ့ ယူနိုက်တက်ကစားသမားဟောင်းနှင့် ပရီးမီးယားလိဂ်ဆုဖလားရရှိထားတဲ့ ကစားသမားဟောင်း

အသက် ၃၇ နှစ်အရွယ် ဆမ်ဆွန်ဟာ ကစားသမားဘဝကနေ အနားယူကြောင်း သောကြာနေ့ညနေတွင် ကြေညာခဲ့ပါတယ်။နောက်ခံလူဟာ အကယ်ဒမီကနေ အသင်းကြီးသို့ ရောက်ရှိလာပြီးနောက် ဝိန်းရွန်းနီနှင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့နှင့်အတူ မန်ချက်စတာယူနိုက်တက်တွင် ကစားခဲ့ပါတယ်။

သို့သော်လည်း ရေနီရာလက်အောက် ၂၀၁၆ ခုနှစ်တွင် လက်စတာရဲ့ အမှတ်ပေးဖလား ဆွတ်ခူးစဉ်အတွင်း ညာနောက်ခံလူအဖြစ် ပါဝင်ကူညီမှုများကြောင့် လူသိများလာခဲ့ပါတယ်။သူ့ရဲ့ကစားသမားဘဝမှ အနားယူမှုကို SunSport ကနေ ကြေညာပြီးနောက် KSI က Misfits ပရိုမိုးရှင်းတွင် အားကစားကို လက်ဝှေ့အဖြစ်သို့ ပြောင်းရန် ပြောကြားခဲ့ပါတယ်။

ဆမ်ဆွန်ရဲ့ ထုတ်ပြန်ချက်တွင် "ဒါဟာ ဘောလုံးသမားတိုင်း သိတဲ့နေ့ဖြစ်ပြီး နောက်ဆုံးမှာ ဘယ်သူကမှ ဖြစ်ချင်မှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့အားလုံး အရမ်းကြိုက်ကြတဲ့ ကစားပွဲကနေ ကျွန်တော်အနားယူကြောင်း ကြေညာရမယ့်အချိန်ပါပဲ""ကျွန်တော် မရောက်ချင်တဲ့ နေ့တစ်နေ့ဖြစ်ပေမဲ့ ကစားသမားဘဝကနေ အနားယူပြီးနောက် တခြားပရောဂျက်တွေကို အာရုံစိုက်ဖို့ အချိန်ရောက်ပြီဆိုတာ သိပါတယ်" "ကျွန်တော့်မှာ ကျေးဇူးတင်စရာတွေ အများကြီးရှိပါတယ်။ ဘောလုံးက ကျွန်တော့်ကို အများကြီးပေးခဲ့ပြီး လူတော်တော်များများကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်း၊ အသင်းဖော်တွေနဲ့ ကျွန်တော့်ရဲ့ မိသားစုအားလုံး ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်" လို့ ပါရှိပါတယ်။

ယူနိုက်တက်ရဲ့ ခေါ်ယူခြင်းခံရပြီး ရွန်းနီ၊ ရော်နယ်ဒိုတို့နှင့် ကစားရခြင်းကို "ကျွန်ုပ်ရဲ့ အကောင်းဆုံး အိမ်မက်များကို ကျော်လွန်ခြင်း" လို့ ဖော်ပြခဲ့ပါတယ်။လက်စတာရဲ့ အံ့အားသင့်ဖွယ် အောင်မြင်မှုများအတွက် သူဟာ အထူးချီးကျူးဂုဏ်ပြုမှုကို ရရှိထားပါတယ်။ဆမ်ဆွန်က "ကျွန်တော့်ရဲ့ကစားသမားဘဝကြောင်းကိုပြန်ကြည့်တဲ့အခါ လူတိုင်းနီးပါးမဖြစ်နိုင်ဘူးလို့ခံစားရတဲ့လက်စတာစီးတီးအသင်းနဲ့အတူ မမေ့နိုင်တဲ့အချိန်တွေဖြစ်ပါလိမ့်မယ်"

"၂၀၁၆ ခုနှစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာက အရာအားလုံးပါပဲ။ အဲ့ဒီအသင်းနဲ့ အတူရှိနေတဲ့ ခင်မင် ရင်းနှီးမှုဟာ ကျွန်တော်တို့နဲ့အတူ ထာဝရရှိနေမှာပါ""ဗီချိုင်းက လက်စတာမှာ အရမ်းထူးခြားတဲ့ အရာတစ်ခုကို တည်ဆောက်ခဲ့ပြီး အဲ့ဒီခရီးမှာ ချန်ပီယံလိဂ်ဘောလုံးပွဲကို မြို့ထဲကို ယူဆောင်လာဖို့က ထူးခြားပါတယ်" လို့ ပြောပါတယ်။ဆမ်ဆွန်ဟာ ယူနိုက်တက်အအတွက် ၈ ပွဲသာ ကစားခဲ့ရပြီး ရွိုင်ရယ်အန့်ဝပ်၊ ဆန်းဒါးလန်း၊ အင်းဆွစ်နှင့် ဘလက်ဘန်းတို့မှာ အငှားကစားခဲ့ကာ ၅ ကြိမ်မြောက်အငှားကစားခဲ့ရမှုအပြီး ၂၀၁၀ ခုနှစ်တွင် နယူးကာဆယ်သို့ အပြီးသတ်ရောင်းချခြင်းခံခဲ့ရပါတယ်။

၃ နှစ်အကြာတွင် သူ့ကို ကျူပီအာရ်က အလွတ်ဖြင့် လက်မှတ်ရေးထိုးခဲ့ပြီး တစ်နှစ်အကြာတွင် လက်စတာသို့ ပြောင်းသွားခဲ့ပါတယ်။သူဟာ လက်စတာတွင် ၂၀၁၉ ခုနှစ်အထိ ဆက်ရှိနေခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်တွင် ၁၃၃ ပွဲကစားခဲ့ပါတယ်။

ထို့နောက် ၂၀၂၀ ခုနှစ် ဇူလိုင်လ စာချုပ်သက်တမ်းမကုန်ဆုံးမီ ဟက်ဒါဖီးလ်သို့ ပြောင်းခဲ့ပါတယ်။ဘရစ်စတိုစီးတီးဟာ သူ့ကို ၂၀၂၁ ခုနှစ် ကာလတိုစာချုပ်ဖြင့် ခေါ်ယူခဲ့သော်လည်း ၂၀၂၂ ခုနှစ် မတ်လတွင် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။သူ့ရဲ့နောက်ဆုံးကလပ်မှာ လိဂ်မဟုတ်တဲ့ကလပ်ဖြစ်တဲ့ မက်လက်စ်ဖီးလ်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။

Misfits သို့ပထမဆုံးပြောင်းမယ့်သူက ဆမ်ဆွန် မဟုတ်ပါဘူး။ ရွန်နီကလည်း အရင်တုန်းက ပြောင်းရန်စဉ်းစားနေခဲ့ဖူးပါတယ်။။ဝုဒ်ဟောက်စ်ကလည်း ပရီးမီးယားလိဂ်တွင်ကစားခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် လက်ဝှေ့သို့ ကူးပြောင်းသွားခဲ့ပါတယ်။အချိန်ပိုင်းဘောလုံးကစားရင်း အင်္ဂလိပ်နှင့်ဗြိတိန်လိုက်ဝေါတာဝိတ်တန်းများကို ဆွတ်ခူးခဲ့သည့်တိုင် ပရော်ဖက်ရှင်နယ်ပွဲ ၃၁ ပွဲအထိ ရှိခဲ့ပါတယ်။

ဝုဒ်ဟောက်စ်ရဲ့နောက်ဆုံးပွဲက ၂၀၁၇ ခုနှစ်တွင်ဖြစ်ပြီး လူးဝစ်ဗန်ပို့စ်တက်ချ်ကို အနိုင်ယူခဲ့တာကြောင့် ကျော်ကြားခဲ့ပါတယ်။လီယွန်မက်ကင်ဇီကလည်း နောက်ထပ်ဘောလုံးကနေ လက်ဝှေ့သို့ ပြောင်းလဲကစားသူဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်နှင့် နောဝစ်ချ်တို့ကဲ့သို့ အင်္ဂလန်ထိပ်တန်းလိဂ်တွင် ကစားခဲ့ဖူးသူဖြစ်ပါတယ်။

မက်ကင်ဇီဟာ ဗြိတိန်နှင့် ဥရောပချန်ပီယံ ကလင်တန်ရဲ့ သားဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ၃ ကြိမ်ရရှိထားတဲ့ ဒူကီရဲ့ တူဖြစ်ပါတယ်။ဒါကြောင့် ၂၀၁၃ ခုနှစ်တွင် ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် အဲ့ဒီနှစ်မှာပဲ စူပါမစ်ဒယ်ဝိတ်တွင် ပွဲဦးထွက်တွင် လက်ဝှေ့ထိုးခဲ့ပါတယ်။အက်ဒီဟန်းရဲ့ Matchroom Boxing ဟာ လက်ရှိတွင် အက်ရင်တန်စတန်လေ ကွင်းလယ်လူ ပက်ဒီလေဆီ နှင့် လက်မှတ်ရေးထိုးထားပါတယ်။

 

လေဆီဟာ ဝေးလ်ထိပ်တန်းကလပ် ဖလင့်တောင်းယူနိုက်တက်တွင် ကစားနေဆဲဖြစ်သော်လည်း မစ်ဒယ်ဝိတ်လက်ဝှေ့သမားအဖြစ် ၁၀ ပွဲအထိ ထိုးသတ်ထားပါတယ်။အောင်မြင်တဲ့ အရာများရှိနေသော်လည်း လူတိုင်းအတွက်အဆင်မပြေပါဘူး။ဖာဒီနန်ဟာ အသက် ၃၉ နှစ်အရွယ်တုန်းက ပရော်ဖက်ရှင်နယ်အဖြစ် ကျော်ကြားလာစေရန် ကြိုးပမ်းခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ဗြိတိန်လက်ဝှေ့ထိန်းချုပ်မှုဘုတ်အဖွဲ့လိုင်စင်ကို ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

ဖာဒီနန်ရဲ့ အသင်းဖော်ဟောင်း ဝက်စ်ဘရောင်းနှင့် ဆမ်ဆွန်တို့ဟာ မက်လက်စ်ဖီးလ်ရှိ Punchline Boxing Gym တွင် လေ့ကျင့်ရေးဆင်းခဲ့ကြပါတယ်။

ဆမ်ဆွန်ဟာ ၂၀၂၀ ခုနှစ်အထိ လက်ဝှေ့လေ့ကျင့်မှုတွင် ပါဝင်ခဲ့ပြီး ယခုအခါ ပွဲဦးထွက်ပွဲအတွက် လုပ်ဆောင်လျက်ရှိပါတယ်။