ကိုင်ဟားဗက်ဇ်ရဲ့နောက်ကျဂိုးနဲ့အတူ အမှတ်ပေးဇယားထိပ်ကို တက်လှမ်းလာခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၂-၁ ဘရန့်ဖို့ဒ် (ပွဲပြီးရလဒ်)
ပထမပိုင်းအတွင်းက ရမ်းစ်ဒေးရဲ့အမှားကြောင့် အာဆင်နယ်တို့ ဒုတိယပိုင်းမှာ အစကနေ ပြန်ကစားရသလိုဖြစ်ပြီး ဦးဆောင်ဂိုးရဖို့အတွက် အသည်းအသန်ရုန်းကန်ခဲ့ရပါတယ်။
ဘရန့်ဖို့ဒ်ခံစစ်က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကြောင့်လည်း အာဆင်နယ်ကစားသမားတွေ ထိုးဖောက်ရခက်ခဲခဲ့ကြပါတယ်။
ဒါပေမယ့် တစ်ပွဲလုံးခြေစွမ်းပြနေတဲ့ ဘန်ဝှိုက်နဲ့ ကိုင်ဟားဗက်ဇ်တို့ရဲ့ အတွဲအဖက်ကနေ အာဆင်နယ်တို့ အနိုင်ဂိုးရအောင် ရှာဖွေနိုင်ခဲ့ပါတယ်။
ဟားဗက်ဇ်ကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြလာသလို လိဂ်၄ပွဲဆက်လည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ မနက်ဖြန်ည လီဗာပူးနဲ့ မန်စီးတီးပွဲမတိုင်ခင် အမှတ်ပေးဇယားထိပ်ကို ယာယီတက်လှမ်းလာနိုင်ခဲ့ပါတယ်။