
တွစ်တာမှာ Pinလုပ်ထားတဲ့ ပို့စ်ကို ဖျက်ပေးဖို့ သီယာဂိုဆေးလ်ဗားအား တောင်းဆိုခဲ့တဲ့ ချဲလ်ဆီးပရိသတ်များ
အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ တရားဝင်ချန်ပီယံလိဂ်အကောင့်ကို တွစ်တာတွင် tag လုပ်ပြီး ဥရောပဲထိပ်တန်းပြိုင်ဆိုင်မှုကို လွမ်းဆွတ်ကြောင်း ငိုယိုနေတဲ့ အီမိုဂျီပုံဖြင့် ပို့စ်တင်ခဲ့ပါတယ်။
ဆေးလ်ဗားဟာ ချန်ပီယံလိဂ်တွင် အံ့အားသင့်ဖွယ် ၁၀၆ ကြိမ်အထိ ပွဲထွက်ကစားထားပြီး ၂၀၂၁ ခုနှစ်တွင် ချဲလ်ဆီးအသင်းနှင့်အတူ ဆုဖလား ၁ ကြိမ်ရရှိထားပါတယ်။ သို့သော်လည်း ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်ခဲ့ပြီးနောက် လက်ရှိရာသီပြိုင်ပွဲကို လွဲချော်ခဲ့ပါတယ်။
နွေရာသီမှာ တာဝန်ယူခဲ့တဲ့ နည်းပြသစ် ပိုချက်တီနိုက အသင်းကို ဦးမော့လာအောင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အခုအချိန်အထိ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်၅ ပွဲမှာ ၁ပွဲသာ အနိုင်ရထားတာကြောင့် ချဲလ်ဆီးပရိသတ်တွေအတွက် ကံမကောင်းခဲ့ပါဘူး။ သီယာဂိုဆေးလ်ဗားရဲ့ ချန်ပီယံလိဂ်နှင့် ပတ်သက်တဲ့ စိတ်ကူးယဉ်ဆန်မှုကို ဆန့်ကျင်တဲ့ အနေဖြင့် လိဂ်ကိုအာရုံစိုက်ရန် ပရိသတ်များက သတိပေးထားပါတယ်။
ပရိသတ်တစ်ဦးမှ တွစ်တာတွင် "ရှင်ဘုရင်ကို စိတ်ပူဖို့ ကျွန်တော်တို့မှာ တန်းဆင်းဖို့ တိုက်ပွဲတစ်ခုရှိနေတယ်" လို့ ရေသားထားပါတယ်။ "သီယာဂိုဆေးလ်ဗားရေ ဒါကို ဖျက်လိုက်ပါ!" လို့ နောက်တစ်ဦးက ထပ်ပြောထားပါတယ်။ တတိယတစ်ဦးက "ပရောဂျက် ၂၀၃၀ ဟု ဟာသလုပ်ကာ ချဲလ်ဆီးဟာ ဥရောပမှာအောင်မြင်မှုရရှိဖို့အတွက် နောက်တစ်ကြိမ် ယှဉ်ပြိုင်ရမယ်"လို့ ပြောကြားထားပါတယ်။
အဆိုပါမှတ်ချက်များကို တုံ့ပြန်ခဲ့တာကြောင့် ဆေးလ်ဗားကို ပရိသတ်တွေက ပိုမိုဒေါသထွက်နေကြပါတယ်။ ပီအက်စ်ဂျီကနေ စတန်းဖို့ဒ်ဘရစ်ချ်သို့ ၂၀၂၀ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလက်ရွေးစင် ကစားသမားဟာ ကလပ်အသင်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ယခင်က ပြောဆိုခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် အသင်းပိုင်ရှင် တော့ဘိုလီရဲ့ လက်အောက်ရှိ အသင်းရဲ့အခြေအနေကို ပြောဆိုခဲ့ပါတယ်။ "ပထမခြေလှမ်းပြီးပြီလို့ ကျွန်တော်ထင်ပါတယ်။ မမှန်ကန်တဲ့ ခြေလှမ်းတစ်ခုပါ။ ဒါပေမယ့် ပြီးပါပြီ" "တာဝန်မကျေရင် နည်းပြတွေကို အပြစ်တင်လို့ မရပါဘူး။ ပိုင်ရှင် အပြောင်းအလဲ၊ ကစားသမားသစ်တွေ ရောက်ရှိလာတာကြောင့် ဆုံးဖြတ်ချက်မချနိုင်တဲ့ ကလပ်အတွက် ခက်ခဲတဲ့ ကာလတစ်ခုဖြစ်ပါတယ်" လို့ ပွဲအပြီး အင်တာဗျူးမှာ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆေးလ်ဗားက "အသင်းရဲ့ အရွယ်အစားနဲ့ မကိုက်ညီတဲ့အတွက် အ၀တ်လဲခန်းရဲ့ အရွယ်အစားကို တိုးမြှင့်ဖို့ လိုပါတယ်"လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။