The network connection is lost.

Banner Image

တိုက်စစ်ပိုင်းဒဏ်ရာပြဿနာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီး

တံကောက်ကြောဒဏ်ရာတစ်ခုကြောင့် တိုက်စစ်မှူးဂျက်ဆန် တစ်လကျော်ကြာအနားယူရမှုနဲ့အတူ ချဲလ်ဆီးအသင်းတိုက်စစ်ပိုင်းက ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ဗုဒ္ဓဟူးနေ့၊ ဓါတ်မှတ်ရိုက်စစ်ဆေးစမ်းသပ်မှုတစ်ခုအရ ချဲလ်ဆီးတိုက်စစ်မှူးမှာ တံကောက်ကြောဒဏ်ရာတစ်ခု တွေ့ရှိခဲ့ပြီး လာမယ့်မတ်လ၊ နိုင်ငံတကာသီတင်းပတ်ပြီးဆုံးချိန်အထိ အနားယူသွားရမယ်လို့ The Telegraph သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။ တက်နိုင်သမျှအမြန်ဆုံး ဂျက်ဆန်ပြန်ကစားနိုင်ဖို့ မျှော်လင့်နိုင်မယ့်ပွဲစဉ်ကတော့ ဧပြီ ၂ ရက်၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ပဲ ဖြစ်ပါတယ်။

မာရက်စ်ကာရဲ့အသင်းမှာ ဂီအူလည်း ဒဏ်ရာရရှိနေလို့ ဆီနီဂေါလက်ရွေးစင်ကိုဆုံးရှုံးလိုက်ရမှုက တိုက်စစ်ပိုင်းအတွက် ကစားပေးနိုင်သူတစ်ဦးမှ မရှိတော့တဲ့အခြေအနေဆီ ဆိုက်ရောက်သွားခဲ့ပါတယ်။ အသက်-၂၃ နှစ်အရွယ်တိုက်စစ်မှူးဂျက်ဆန်က အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကိုးဂိုးသွင်း၊ ငါးကြိမ်ဂိုးဖန်တီးပေးထားပြီး ချဲလ်ဆီးအတွက် ကိုးလ်ပယ်လ်မာပြီးရင် အကောင်းဆုံးစွမ်းဆောင်ထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။

ဂျက်ဆန်က လာမယ့်သောကြာနေ့၊ ဘရိုက်တန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အပြင် အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ လက်စတာ၊ အာဆင်နယ်တို့နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်တွေကိုပါ လွဲချော်သွားရဖို့ ရှိနေပါတယ်။ မာရက်စ်ကာရဲ့အသင်းက ဘရိုက်တန်နဲ့ရင်ဆိုင်ရမယ့် အခုသီတင်းပတ်ကုန်ပွဲစဉ်မတိုင်ခင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားစတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ဘရိုက်တန်က ပြီးခဲ့တဲ့သီတင်းပတ်၊ အက်ဖ်အေဖလားပွဲစဉ်မှာ ချဲလ်ဆီးကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။