အက်စ်တီဗိုဝီလီယံကို ပေါင် ၅၆ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ချဲလ်ဆီး အတည်ပြု
ချဲလ်ဆီးအသင်းဟာ ပယ်လ်မားရီးယက်စ်စတား အက်စ်တီဗိုဝီလီယံကို ပေါင် ၅၆ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုလိုက်ပါတယ်။ ၂ သင်းကြား ပေါင် ၂၉ သန်း + ထပ်ဆောင်းအပိုဆုကြေးတွေဖြစ်တဲ့ ပေါင် ၂၆ သန်း စုစုပေါင်းပေါင် ၅၆ သန်းဝန်းကျင်နဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။
ဝီလီယံဟာ ကာလရှည်စာချုပ်ချုပ်ဆိုဖွယ်ရှိနေပြီး ငွေပေးချေမှုက ဘဏ္ဍာရေးစည်းမျည်းကြောင့် ၇ နှစ်လောက်အထိ ကြာဖွယ်ရှိနေပါတယ်။ ဝီလီယံဟာ အသက် ၁၈ နှစ်ပြည့်ချိန်မှာ အင်္ဂလန်ကလပ်ထံပြောင်းလာမှာဖြစ်ပြီး ချဲလ်ဆီးဟာ ဝီလီယံကို လူငယ်ဘဝကတည်းက ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာတော့ ဝီလီယံဟာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ဘရာဇီးစီးရီးအေ ၁၀ ပွဲမှာ ၂ ဂိုးသွင်း ၊ ၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အဆိုပါစွမ်းဆောင်ရည်ကောင်းတွေကြောင့် ဝီလီယံဟာ လာမယ့်အနာဂတ်မှာ တောက်ပလာနိုင်မယ့်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။
ယခင်တုန်းကလည်း ရီးရဲလ်အသင်းဟာ ပယ်လ်မားရီးယက်စ်ကစားသမား အန်းဒရစ်ချ်ကိုလည်း ချဲလ်ဆီးအသင်းခေါ်ယူခဲ့တဲ့ပုံစံမျိုးနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အန်းဒရစ်ချ်ကတော့ လာမယ့်လထဲမှာ ရီးရဲလ်အသင်းနဲ့ပူးပေါင်းမှာဖြစ်ပါတယ်။ ဝီလီယံဟာ ဘရာဇီးလူငယ်ကစားသမားတွေထဲမှာ တိုးတက်လာနိုင်တဲ့ကစားသမားအဖြစ် သတ်မှတ်ခံထားရကာ အန်ဒရေဆန်းတို့စ် ၊ ဝါရှင်တန် ၊ ဂါဘရီရယ်တို့ကလည်း ပါဝင်နေတာဖြစ်ပါတယ်။
တောင်အမေရိကဈေးကွက်က အင်္ဂလန် နဲ့ ဥရောပမှာ မြင့်မားလာခဲ့ပြီး ဘရာဇီးလူငယ်ကစားသမားတော်တော်များများကို အသင်းတော်တော်များများက ချိတ်ဆက်နေကြတာဖြစ်ပါတယ်။